4

624 100 17
                                    


ကင်ဆော့ဂျင် ထင်သည့်အတိုင်းပင် နှစ်လအတွင်းရွှေအမြူတေအဆင့်သို့ရောက်သွား၏။ ရှစ်ဖုနှင့်ပေးထားသည့်ကတိတည်ပြီးပြီဖြစ်သောကြောင့်သိုင်းကျင့်ခြင်းအားအဆုံးသတ်ပြီးနောက် ဂူအောင်းကျင့်နေရာမှထွက်လာခဲ့သည်။ သူပြန်လာသည်ကိုကင်ထယ်ယောင်းကအဆင်သင့်စောင့်နေ၏။

"အကိုပြန်လာတာကြိုဆိုပါတယ်။ ရွှေအမြူတေအဆင့်၁တောင်ရောက်သွားပြီပဲ... ဂုဏ်ယူပါတယ်"

ကင်ထယ်ယောင်းစကားကြောင့်ဆော့ဂျင်ပြုံးပြရင်းခေါင်းအားပုတ်ပေးလိုက်သည်။

"ဂျွန်ဂျောင်ကုကော?"

"...သူလား။ ကြည့်ရတာအကိုပြန်လာမယ့်နေ့ကိုမေ့နေတာထင်တယ်"

ကင်ထယ်ယောင်းအကြည့်လွှဲကာဖြေလိုက်၏။ ဘာလို့အကိုစမေးတဲ့စကားကဂျွန်ကောင်အကြောင်းဖြစ်နေရတာလဲ။ သူဒီနှစ်လအတွင်း အဆင့်၁၃သို့တက်သွားတာကိုကျသတိမထားမိဘူးလား?

"မင်း...အဆင့်၁၃ရောက်သွားပြီပဲ"

ကင်ဆော့ဂျင် ဆံပင်အားပွတ်သပ်ပေးတော့ချီစွမ်းအင်းအချို့အားခံစားရသဖြင့် စစ်ဆေးကြည့်ရာကင်ထယ်ယောင်းပင်အဆင့်၁၃ရောက်သွားတာကိုသတိထားမိသွား၏။

"ဂုဏ်ယူပါတယ်... နောက်ကျရင်မင်းတောင်အခြေတည်အဆင့်ရောက်တော့မှာပဲ"

"အကို့လောက်တော့ဘယ်တော်မလဲ"

သူ့အဆင့်တက်လာတာကိုကင်ဆော့ဂျင်သတိထားမိသဖြင့်ကင်ထယ်ယောင်းပြုံးပျော်သွားသည်။ ထို့နောက်ကင်ဆော့ဂျင်အဆောင်အထိကင်ထယ်ယောင်းလိုက်ပို့ပေး၏။

"ငါမရှိသေးတုန်း ဘာတွေထူးခြားသေးလဲ"

"တောင်အောက်မှာမိစ္ဆာအချို့တော့သောင်းကြန်းနေတယ်ကြားတယ်။ ဒါပေမယ့်အကိုတွေးပူစရာမလိုပါဘူး။ အဲ့မိစ္ဆာလေးတွေကအခြားကျောင်းသားအကြီးတွေဖြေရှင်းရုံနဲ့ရပါတယ်"

ကင်ထယ်ယောင်းစကားအားသဘောတူဟန်ဖြင့်ကင်ဆော့ဂျင်ခေါင်းငြိမ့်လိုက်သည်။

"...နွေတောင်ရောက်ပြီပဲ"

ချယ်ရီပန်းများမရှိတော့တဲ့တောလမ်းလေးအားကြည့်ရင်းကင်ဆော့ဂျင်ရေရွတ်မိ၏။

ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်Where stories live. Discover now