အခြားကျောင်းသားများကနားနားနေနေရှိကြသော်လဲ ဂျွန်မျိုးနွယ်ကလေးကတော့ နားခွင့်မရှိ။ ဘယ်သူ့မှသူ့နားမကပ်လိုကြ။ ကျောင်းသားများအတွက်ညစာစားချိန်တုန်းကတောင် ဂျွန်မျိုးနွယ်မှာညစာစားခွင့်မရခဲ့။ အကြောင်းပြချက်မှာသူနှင့်အတူအခြားကလေးများကတစ်မိုးတည်းမနေလိုကြသဖြင့်ပင်ဖြစ်လေသည်။ အခုလဲကျောင်းသားများကအဆောင်အတွင်းတွင်လှဲနေကြသော်လဲ သူကတော့အဆောင်ရှေ့ကသစ်ပင်အောက်တွင်ထိုင်နေရ၏။ သစ်ကိုင်းကျိုးလေးနှင့်မြေကြီးအားလျှောက်ခြစ်နေတုန်း တစ်ယောက်ယောက်ကသူ့အားခဲဖြင့်ပစ်ပေါက်တာခံလိုက်ရသည်။"မင်းကဒီနေရာကိုခြေချပိုင်ခွင့်တောင်မရှိဘူး"
သူ့အားခဲဖြင့်ပေါက်တဲ့သူကလှမ်းအော်လိုက်၏။ ထိုကောင်လေးမှာ ယန်ဂယ်ထူဖြစ်သည်။ သူ့မိဘတွေမှာချမ်းသာသောကြောင့်လဲဂုဏ်မောက်နေသူဖြစ်၏။ ဂျွန်မျိုးနွယ်ဝင်ကောင်လေးအားဒေါသထွက်သည့်ဟန်ဖြင့်စိုက်ကြည့်ကာ လဲကျအောင်တွန်းထည့်လိုက်သည်။
"အ"
"မင်းတို့မျိုးနွယ်ကြောင့်ငါတို့လူတွေဘယ်လောက်တောင်ဒုက္ခရောက်ခဲ့လဲသိလား။ အဲ့တာတောင်အပြစ်မရှိသလိုမျိုးကင်မျိုးနွယ်ဆီလာပြီးသိုင်းသင်ချင်သေးတယ်"
ဂျွန်မျိုးနွယ်ဝင်မှာဘာမှမပြောပဲခေါင်းသာငုံ့ထား၏။
"မင်းမနက်ဖြန်ကျရင်လဲပြန်ရမှာပဲ။ အခုတည်းကကိုယ့်အသိစိတ်နဲ့ကိုယ်ထပြန်သွားပါလား။ သူများနှင်ထုတ်မှပြန်တာကဘယ်လောက်စိတ်ပျက်စရာကောင်းလဲ"
ထိုသို့ပြောပြီးဂျွန်မျိုးနွယ်အနားမှထွက်သွားသည်။ ယန်ဂယ်ထူစကားများကသူ့အတွက်ဓားသွားကဲ့သိုထက်ရှလွန်း၏။ ဂျွန်မျိုးနွယ်ဝင်လဲသူ့ကိုနှင်ထုတ်တာထပ်စာရင်သူပဲအရင်ထွက်သွားတာပဲကောင်းမယ်ဟုတွေးပြီးအင်္ကျီအားခါကာထလိုက်သည်။ ထို့နောက်သူတက်လာခဲ့သည့်လမ်းကြောင်းလေးအတိုင်းတောင်အောက်သို့ဆင်းသွား၏။ သို့သော်ကင်သခင်လေးနဲ့အတူတက်တုန်းကလမ်းအတိုင်းဆင်းပါရက်နဲ့ သူတောင်ခြေကိုရှာမတွေ့နိုင်ပဲတောအုပ်ထဲတွင်လမ်းပျောက်နေသည်။ လမ်းရှာမတွေ့လေပို၍စိတ်လှုပ်ရှားနေဖြစ်လာကာ အတွေးများကကယောင်ချောက်ခြားဖြစ်လာ၏။ ချယ်ရီပန်းများကမျက်လုံးနီနီများဖြစ်သွားကာသူ့အားစိုက်ကြည့်နေကြသလိုခံစားလာရသည်။ ထို့ပြင်လေတိုးသံများကသူ့အကြောင်းကိုတီးတိုးရွတ်ဆိုနေသလို။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...