"တတိယမြှောက်ကင်သခင်လေး"ကင်နမ်ဂျွန်းလှည့်ထွက်ရန်ပြင်ဆင်မှာ ခေါ်သံကြောင့်လှည့်ကြည့်လိုက်သည်။
"အာ..ကျောင်းအုပ်ကြီး။"
ကျောင်းအုပ်ဖြစ်သူအားတွေ့လိုက်သဖြင့်ကင်နမ်ဂျွန်းအရိုအသေပြုလိုက်၏။
"လင်ဖန်းဖန်ကိုလာလည်တာရှားတယ်နော်"
"အခုတလော ကိစ္စတွေရှုပ်ထွေးနေလို့ပါ။ နိုင်ငံရေးကတင်းမာနေတော့"
"ဟုတ်တာပဲ။ ကင်သခင်လေးက ကင်အိမ်တော်ကောနိုင်ငံတော်အတွက်ကောတာဝန်ထမ်းဆောင်နေရတာမဟုတ်လား"
"မဟုတ်တာပါ။ အဖေဖြစ်သူကိုလိုက်ပြီးကူညီပေးရုံပါပဲ"
"ရောက်တုန်းလေးရေနွေးကြမ်းနဲ့ကိတ်ခြောက်လေးစားသွားပါဦး။ လန်ဖန်းလက်ဖတ်ခြောက်ကဒီတောင်မှာပဲရတာမဟုတ်လား"
ကင်ဆော့ဂျင်နဲ့အတူ သောက်ပြီးပြီဖြစ်သော်လဲငြင်းလို့မကောင်းသဖြင့် ကင်နမ်ဂျွန်းလက်ခံလိုက်ရ၏။
"ရှစ်ဖုဘယ်ရောက်နေပါလိမ့်"
ဂျွန်ဂျောင်ကုပတ်ရှာနေသော်လဲ ကင်ဆော့ဂျင်ကိုရှာမတွေ့။ သူကတကယ်ပဲဘယ်ရောက်နေတာလဲ။ ဒီအပြင် ကင်နမ်ဂျွန်းဆိုတဲ့တစ်ယောက်ကသူ့ကိုသံသယဝင်နေတာပဲ။ သူဘာအကြောင်းတွေများသိထားသလဲ ဂျွန်ဂျောင်ကုမသိသဖြင့်စိုးရိမ်မိ၏။ ဒီလိုပုံစံမျိုးနဲ့ဆို သူဘာမှမလုပ်နိုင်ခင်မှာပဲ အစီအစဉ်တွေအကုန်လုံးပျက်စီးသွားနိုင်တယ်။
အခုတလော လူတွေအာရုံစိုက်မခံရအောင်ငြိမ်နေမှ။"မင်းဒီကိုဘာလာလုပ်တာလဲ"
ကင်ဆော့ဂျင်အသံကြောင့် ဂျွန်ဂျောင်ကုအတွေးထဲနစ်နေရာမှမော့ကြည့်လိုက်သည်။
"ရှစ်ဖုကိုလာရှာတာ"
"အခုရှာတွေ့ပြီဆိုတော့ပြန်ကြတာပေါ့"
"ဟုတ်.."
ဘာလို့ကင်ဆော့ဂျင်ကသူနဲ့ဆိုရင် မမြင်နိုင်တဲ့စည်းတစ်ခုကိုခြားထားတာလဲ။ အခြားသူတွေကအဲ့စည်းကိုဖြတ်ကျော်သွားကြပေမယ့် သူတစ်ယောက်တည်းဒီစည်းအပြင်မှာရပ်နေရသလိုပဲ။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...