တောအုပ်ထဲရှိအခြေအနေမှာအတော်ပြင်းထန်နေသည်ဟုပြော၍ရမည်။ အဆက်အသွယ်လုပ်လို့မရသောကြောင့်အပြင်မှလူများက အထဲတွင်ဖြစ်ပျက်နေသည့်ကိစ္စများအားမသိနိုင်ချေ။ စိတ်စွမ်းအားဖြင့်တစ်ခါတစ်ရံအကူအညီလိုကြောင်းသတင်းပို့သည်ကလွဲ၍ မည်သည့်အချက်အလက်မှမရ။ တောအုပ်ထဲတွင်အခြေအတင်ဖြစ်နေ၏။ ဖန်မိန်ဘက်မှလဲအလျှော့မပေးသလိုကျင့်ကြံသူများကလဲဖန်မိန်မသေမချင်းရပ်မည်မဟုတ်ပေ။ တိုက်ပွဲမှာသတိလွတ်မိသည့်သူအရှုံးပင်ဖြစ်၏။ သတိတစ်ချက်လွတ်သွားသည်နှင့် တစ်ဖက်ကအခွင့်အရေးအားလက်လွတ်ခံမှာမဟုတ်။ စစ်မြေပြင်ဟုပင်ပြောနိုင်သည်။ သွေးများကပင်စည်နှင့်သစ်ရွက်များပေါ်တွင်အကျည်းတန်စွာအလှဆင်ထား၏။ နှစ်ဖက်လုံးကအလွတ်ပေးမည့်တိုက်ပွဲမဟုတ်သဖြင့် တိုက်ပွဲကတစ်ဖြည်းဖြည်းနှင့်နာရီချီကာကြာလာသည်။ အနိုင်အရှုံးမှာမထွက်သေး။ တစ်ယောက်တည်းခုခံနေရသဖြင့်ဖန်မိန်ကြာလာတော့မောပန်းလာ၏။ သို့သော်သူ့အနေနဲ့အစီအရင်ကိုဖျက်ဆီးဖို့စွမ်းအားမရှိ။ လက်ထဲမှသွေးများအားသုတ်လိုက်ရင်း ကောင်းကင်သို့မော့ကြည့်လိုက်သည်။ မကြာခင်နေဝင်တော့မှာပဲ။ ကျင့်ကြံသူများရဲ့လက်ချက်ကြောင့်ဖန်မိန်လက်တစ်ဖက်အားလှုပ်၍မရတော့။ တစ်ဖက်တည်းနှင့်ဆက်လက်တိုက်ခိုက်ခြင်းက သူ့သေတွင်းသူတူးနိုင်မှန်းရိပ်မိ၏။ ထိုအတိုင်းသာဆိုလျှင်ရှုံးနိမ့်မည့်အနေအထားသို့ရောက်သွားမှာကိုသိရှိသောကြောင့် သူ့အလုပ်အားအမြန်လက်စသတ်ရန်ပြင်လိုက်သည်။ ဂျွန်ဂျောင်ကုခိုင်းထားသည့်တာအိုဆေးမြစ်ကိုအရင်ရှာရမည်။
ကျင့်ကြံသူများက တောအုပ်ထဲတွင်သတိကြီးကြီးထားလမ်းလျှောက်နေကြ၏။ ဖန်မိန်ကမည်သည့်အခါမှပေါ်ပေါ်ထင်ထင်မတိုက်ခိုက်တတ်သောကြောင့်ပို၍စိုးရိမ်ရသည်။ ချုံခိုတိုက်ခိုက်ခြင်းကြောင့်လဲ ကျင့်ကြံသူခြောက်ယောက်ကျဆုံးသွား၏။ ပတ်ဝန်းကျင်မှာကြောက်မက်ဖွယ်ကောင်းလောက်အောင်တိတ်ဆိတ်နေသည်။ ကိုယ့်နှလုံးခုန်သံပင်ကိုယ်မကြားရ။ ထိုအရာကခြောက်ခြားစရာပင်။ နေမင်းသည်တောင်ကြားထဲသို့ပျောက်ကွယ်သွားရာ အလင်းရောင်သည်လည်းမှေးမှိန်လာ၏။ မကြာခင်ညရောက်တော့မည်။ သစ်ကိုင်းများအားမီးရှို့ကာ မီးတုတ်အဖြစ်အသုံးပြုရင်း ဖန်မိန်အားဆက်လက်ရှာဖွေရန်ပြင်ကြ၏။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...