"ပြန်တော့မှာလား.."သူ့ကိုလာနှုတ်ဆက်သောကြောင့်ကင်ဆော့ဂျင် မေးလိုက်၏။
"အင်း.. ဒီထပ်ကြာကြာတော့နေချင်သေးတာ။ ဒါပေမယ့်အလုပ်များနေလို့"
"..."
"မင်းလဲ လာလည်ဦးလေ။ ဦးလေးကင်ကမင်းကိုလွမ်းနေတာ"
"လာလည်ပါ့မယ်"
ကင်ဆော့ဂျင်ဆီကကတိစကားရသဖြင့် ကင်နမ်ဂျွန်းပြုံးကာသူ့ပုခုံးအားဖက်လိုက်သည်။ ကင်ဆော့ဂျင်အတွက်တော့စိတ်ပူမိ၏။ အကယ်၍များသူ့တပည့်ဖြစ်သူကဂျွန်သခင်လေးဝင်စားတာတကယ်ပဲဖြစ်ခဲ့ရင် ပထမဆုံးအသက်အန္တရာယ်ရှိသူကကင်ဆော့ဂျင်ပဲမလား။ စူးစူးရဲရဲစိုက်ကြည့်မှုကိုခံစားရသဖြင့် ကင်နမ်ဂျွန်းဘေးဘီကြည့်လိုက်ကာ သူ့အားဝါးစားမတတ်ကြည့်နေတဲ့ဂျွန်ဂျောင်ကုကိုတွေ့ရ၏။ ဖက်လိုက်တာခွါလိုက်သည့်အခါမှ ဂျွန်ဂျောင်ကုရဲ့အကြည့်ရအနည်းငယ်ပျော့ပျောင်းသွားသည်။ ပြန်ဖက်လိုက်သည့်အခါမှာ စူးရှတဲ့ဒေါသအကြည့်ကပြန်ခံစားရ၏။
"..."
ကြည့်ရတာ ကင်ဆော့ဂျင်အသက်ကိုစိတ်ပူစရာမလိုဘူးထင်တယ်။ သူ့ကိုဖက်လိုက်ခွါလိုက်ပြန်ဖက်လိုက်လုပ်နေတဲ့ကင်နမ်ဂျွန်းကြောင့် ကင်ဆော့ဂျင်နားမလည်နိုင်ဟန်ဖြင့်ကြည့်နေမိသည်။
"မင်းတပည့်စာမေးပွဲဖြေရတော့မယ်နော်"
"ဘာစာမေး.."
ကင်ဆော့ဂျင်မေ့နေတာပဲ။ အခြေတည်အဆင့်ရောက်ထားတဲ့သူတိုင်းဖြေခွင့်ရှိသည့်ယန်ကျွီစာမေးပွဲကိုကင်နမ်ဂျွန်းကပြောတာပဲ။
"မင်းပြောမှပဲ။ ငါသတိမထားမိလိုက်ဘူး။ ဒီနေ့နောက်ဆုံးစာရင်းကောက်တာထင်တယ် မပိတ်ခင်အရင်စာရင်းသွင်းပေးရမယ်"
"ဂရုစိုက်..ငါသွားပြီ"
"အင်း..ကောင်းကောင်းသွား"
ကင်နမ်ဂျွန်းထွက်သွားတော့မှ တံမျက်စည်းလှည်းနေသောဂျွန်ဂျောင်ကုမှာကင်ဆော့ဂျင်နားသို့လျှောက်လာ၏။
"ဘာစာမေးပွဲလဲဟင်?"
"ယန်ကျွီစာမေးပွဲ။ အခြေတည်အဆင့်ရောက်ထားတဲ့သူတိုင်းဖြေသင့်တဲ့စာမေးပွဲတစ်ခုပဲ။ အဲ့စာမေးပွဲပြီးသွားရင်ကိုယ့်လက်စွဲတော်ဓားကို ရွေးခြယ်ခွင့်ရသွားပြီ။ ဆိုလိုတာကတော့ ဒီလိုသစ်သားဓားအစားကိုယ်ပိုင်လက်နက်ပိုင်ဆိုင်ခွင့်ရှိပြီ"
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...