"ကလေးတွေကိုဒီမှာလွှဲပြောင်းခဲ့ပြီး တာဝန်အသစ်ထမ်းဆောင်ရမယ်?"
ကင်ဆော့ဂျင် မယုံကြည်သဖြင့်နှစ်ခါမြှောက်မေးမြန်းလိုက်၏။ သို့သော်လဲအဖြေကတော့မပြောင်းလဲသွားခဲ့။ သတင်းပေးပို့သူမှ စာလိပ်အားထုတ်ပေးလိုက်သည်။ ထိုထဲတွင်ပါဝင်သောစာများအားအကျဉ်းချုပ်ဆိုသော် ကင်ဆော့ဂျင်မှသင်တန်းသားများအား သူတို့နှင့်အတူလွှဲအပ်ခဲ့ပြီးနောက် ဂျရုန်အနီးတစ်ဝိုက်ရှိမြေခွေးမိစ္ဆာအားနှိမ်နင်းရန် ကျောင်းအုပ်ကြီးမှတာဝန်ပေးထားခြင်းဖြစ်နေ၏။ ထို့အပြင်အဖော်အနေနှင့်တပည့်ဖြစ်သူအားခေါ်ဆောင်သွားရန်လည်းရေးသားထားသည်။ တံဆိပ်တုံးခပ်နှိပ်ထားခြင်းလည်းပါဝင်သောကြောင့် စာလိပ်မှာအတုအယောင်ဖြစ်ဟန်မတူ။
ဘာကြောင့်အလျင်လိုရတာလဲ။ သူတို့ယခုတင် တည်းခိုခန်းသို့ရောက်ရုံသာရှိသေးသည်။ ဝေမင်တောင်မှထွက်လာသည်မှာလဲမကြာမြင့်သေးချေ။ ကင်ဆော့ဂျင်ထိုစာအားစစ်မှန်ကြောင့်စစ်ဆေးပြီးနောက်ပြန်ပေးလိုက်၏။
"အကို.."
ကင်ထယ်ယောင်းမှတစ်ခုခုမှားယွင်းနေမှန်းရိပ်မိသဖြင့် ကင်ဆော့ဂျင်အားမော့ကြည့်လိုက်သည်။ ကင်ထယ်ယောင်းပင်တစ်ခုခုမှားယွင်းကြောင်းရိပ်မိရာ ကင်ဆော့ဂျင်အဖို့ပြောစရာပင်မလိုချေ။ သို့သော်လဲငြင်းဆန်မနေပဲကင်ဆော့ဂျင်ထိုတာဝန်အားလက်ခံလိုက်၏။
အနည်းဆုံးတော့ထိုရှေ့ပြေးသမားများမှာကင်ဂိုဏ်းသားများဖြစ်သဖြင့် သင်တန်းသားများရဲ့ခရီးလမ်းမှာစိတ်ချရမည်ဟုတွေးတောပြီးနောက် ဒီတစ်ညတော့တည်းခိုခန်းတွင်သာတည်းရန်ဆုံးဖြတ်လိုက်၏။ ဂျွန်ဂျောင်ကုနှင့်ကင်ဆော့ဂျင်မှာခရီးဆက်သွားရမည်ဖြစ်သဖြင့်နီးကပ်သောအခန်းနှစ်ခုကိုငှါးယူလိုက်သည်။
ကိုယ်လက်သန့်စင်ပြီးနောက် ဂျွန်ဂျောင်ကု ကုတင်ပေါ်သို့လှဲချလိုက်၏။ ရေစိုနေသောဆံနွယ်များအားမသုတ်သေးဘဲမြေခွေးမိစ္ဆာအကြောင်းအားတွေးတောမိသည်။ မြေခွေးမိစ္ဆာနှိမ်နှင်းရန််အတွက်ကင်ဆော့ဂျင်ကိုလွှတ်ရခြင်းမှာထူးဆန်းနေ၏။ အခြားသောသိုင်းပညာရှင်များကိုလည်းစေခိုင်းလို့ရသည်မဟုတ်လား။ ထို့အပြင်ဂျရုန်တောင်နှင့်ဝေမင်တောင်မှာလဲအလှမ်းဝေးသည်။ လင်ဖန်းဖန်တောင်မှတိုက်ရိုက်သွားလျှင်တောင်ဤမျှလောက်မဝေးနိုင်ပေ။ ကင်ကျောင်းအုပ်ကဘာကြံစည်နေတာလဲ။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...