"ဘယ်သူပြန်လာတာလဲ?"ရှန်ကျီ နားမလည်သဖြင့်မေးလိုက်၏။ ပတ်ဂျီမင်းကပျော်ရွှင်စွာသူမကိုပြန်ပြုံးရယ်ပြရင်းဖြေလိုက်သည်။
"ငါ့သူငယ်ချင်း... သူ့ကိုစောင့်ရကျိုးနပ်သားပဲ။ ထင်ထားတာထပ်တော့နည်းနည်းပိုကြာပေမယ့်ပေါ့"
"လောင်ရှိ သူငယ်ချင်းဆိုတော့... ဂျွန်...ဂျွန်သခင်လေးလား"
"ဒါပေါ့"
ရှန်ကျီတုန်လှုပ်သွား၏။ ရာဇဝင်ထဲကဂျွန်သခင်လေးက...
"ကလေးလေးနော်"
"ဘာကို?"
"ဂျွန်သခင်လေးက.. အခုမှ၁၅နှစ်လောက်ပဲရှိဦးမယ်"
"ဟုတ်လား? သူကူးပြောင်းလာတဲ့ကိုယ်ပိုင်ရှင်က ကလေးဖြစ်နေတာထင်တယ်"
"ပြီးတော့..."
"ပြီးတော့?"
"ဝတ်ရုံလက်ပြတ်ထင်တယ်"
"ဟင်?"
"...ဟို..ကြည့်ရတာ ဂျွန်သခင်လေးက...သူ့ဆရာဖြစ်သူကိုစိတ်ဝင်စားနေတဲ့ပုံ.."
ပတ်ဂျီမင်း တစ်ဖန်ပြန်အံ့ဩသွား၏။ အရင်ဘဝတုန်းကသူကဝတ်ရုံလက်ပြတ်မဟုတ်ပါဘူး။ ဘယ်လိုဖြစ်ကုန်တာလဲ?
"ရှန်ကျီ ငါ့ကိုသူတို့နဲ့ဘယ်လိုတွေ့လဲအစအဆုံးရှင်းပြ"
"ဟုတ်.."
x x x
ဂျွန်ဂျောင်ကုနဲ့ကင်ထယ်ယောင်းတို့နှစ်ယောက် မြက်ခင်းပေါ်တွင် တစ်ယောက်စီသစ်သားဓားတစ်ချောင်းကိုင်ကာထိုင်နေကြ၏။ သူတို့နဲ့မျက်နှာချင်းဆိုင်မှာတော့ ကင်ဆော့ဂျင်နဲ့ ကင်နမ်ဂျွန်း။ ကင်မျိုးနွယ်နှစ်ယောက်မှာ လက်ဖက်ရည်လေးသောက်ရင်းအချင်းချင်းစကားပြောနေကြသည်။
"သူကဘယ်သူလဲ"
"ကင်မျိုးနွယ်ရဲ့တတိယမြောက်သခင်လေး။ အကို၃။ ကင်နမ်ဂျွန်း"
"ကင်ဆော့..ရှစ်ဖုနဲ့ခင်တဲ့ပုံပဲ"
"နှစ်နှစ်ပဲကွာတာလေ။ အကို၂နဲ့အကို၃ကသူငယ်ချင်းတွေ"
"အကို၂?"
"မင်းဆရာက ဒုတိယသခင်လေးလေ။ အကို၂"
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...