ကင်ထယ်ယောင်း လေ့ကျင့်ရေးမှလစ်ထွက်လာကာကျောင်းအဝင်ဝသို့ထွက်လာခဲ့၏။ အကိုဖြစ်သူကင်ဆော့ဂျင်ကယခုထိတိုင် ပြန်မရောက်လာသေး။ ရက်အတော်ကြာနေပြီဖြစ်သဖြင့် ယခုအချိန်တွင်ပြန်ရောက်သင့်နေပြီ။ ထိုစဉ် လမ်းကြားလေးထဲမှလူတစ်ယောက်တောင်ပေါ်သို့တက်လာသည်ကိုတွေ့ရသည်။
"အကို!"
ကင်ထယ်ယောင်းပြေးဆင်းကာ ကင်ဆော့ဂျင်အားဖက်ရန်ပြင်လိုက်၏။ သို့သော်အနီးသို့ရောက်သွားသောအခါသူအရှိန်သပ်လိုက်သည်။ တစ်ခုခုတော့မှားယွင်းနေ၏။ ကင်ဆော့ဂျင်ကိုကြည့်ရသည်မှာပင်ပန်းနေဟန်။ ရွှေအမြူတေအဆင့်ရှိသူမှာတော်ရုံအပင်ပန်းဒဏ်အားခံနိုင်သည်။ ကင်ဆော့ဂျင်ပင်ပန်းသည်အထိတိုက်ခိုက်ရတဲ့မိစ္ဆာနှင့်တွေ့ခဲ့တာလား။
"အကို.."
စိတ်ပူသဖြင့် ကင်ဆော့ဂျင်ရဲ့အင်္ကျီစကိုလှမ်းဆွဲမိ၏။ ထိုအခါမှကင်ဆော့ဂျင်ကသတိဝင်လာဟန်ဖြင့် ကင်ထယ်ယောင်းအားလှည့်ကြည့်လိုက်သည်။
"ထယ်ယောင်း.."
ကင်ထယ်ယောင်း သူ့နားသို့ရောက်နေမှန်းအင်္ကျီစအားမဆွဲမချင်း ကင်ဆော့ဂျင်သတိမထားမိခဲ့။ကင်ထယ်ယောင်းခေါ်မှအသိပြန်ဝင်လာ၏။
"အကိုအဆင်ပြေရဲ့လား"
"အင်း"
စိတ်ပူနေမှန်းသိသဖြင့် ကင်ဆော့ဂျင်အတွေးများထဲမှရုန်းထွက်လာခဲ့သည်။ ကင်ထယ်ယောင်းစိတ်ပူအောင်သူမလုပ်ချင်။
"ထယ်ယောင်းက အကို့ကိုစောင့်နေတာလား"
"ဟုတ်..."
ဂျွန်ဂျောင်ကုဘယ်မှာလဲဟုမေးချင်သော်လည်း မေး၍ကောင်းမည်မထင်သဖြင့်ကင်ထယ်ယောင်းမမေးတော့။ သူ့အကိုကိုစိတ်ဒုက္ခမပေးချင်။ ထို့အပြင်သတိထားမိသလောက် ကျဲ့ရီဓားကိုလည်းမတွေ့ရ။ တစ်ခုခုထူးထူးခြားခြားဖြစ်ခဲ့သည်တာတော့သေချာသည်။ နှစ်ယောက်သားစကားဆက်မပြောဖြစ်ကြ။ ကင်ဆော့ဂျင်အနောက်မှ ကင်ထယ်ယောင်းတိတ်ဆိတ်စွာလိုက်လာခဲ့၏။ ခန့်မှန်းမိသလောက်ဆိုလျှင် ဂျွန်ဂျောင်ကုမိစ္ဆာလက်ချက်ဖြင့်သေသွားခဲ့တာများလား။ ကင်ဆော့ဂျင် သူ့အဆောင်ရှိရာသို့သူပြန်သွား၏။ ကင်ထယ်ယောင်း အကိုဖြစ်သူနောက်မလိုက်တော့ဘဲ လေ့ကျင့်ကွင်းသို့ပြန်ထွက်သွားသည်။
YOU ARE READING
ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်
FanfictionChinese Xianxiaတွေအရမ်းကြိုက်တော့လေဝတ္ထုကောင်းကောင်းတွေလိုက်ရှာရင်းနဲ့နောက်ဆုံးအားမလိုအားမရဖြစ်ပြီးကိုယ့်ဟာကိုယ်ပဲရေးလိုက်တော့တယ်ပေါ့နော် '3 OTPဖြစ်တဲ့KookJinကိုတော့အဓိကထားပြီးရေးထားပါတယ်။ စာဖတ်သူတွေစိတ်ကြိုက်ဖြစ်အတတ်နိုင်ဆုံးကြိုးစားရေးထားပါတယ်နော...