6

570 103 3
                                    


ကင်ဆော့ဂျင်ကဘာစကားမှမပြောပဲ ရှေ့မှဦးဆောင်ကာလမ်းလျှောက်နေသောကြောင့်ဂျွန်ဂျောင်ကုလဲအနောက်ကနေပဲတိတ်တဆိတ်လိုက်မိသည်။ သူ့ရှစ်ဖုကိုကြည့်ရသည်မှာ ထိုမိစ္ဆာပြဿနာအကြောင်းအဖြေရှာနေသည့်ပုံပေါ်၏။ ဂျွန်ဂျောင်ကုကထိုမိစ္ဆာလောကထဲတွင်ကျင်လည်ခဲ့ဖူးတော့ မိစ္ဆာများရဲ့ရည်ရွယ်ချက်နဲ့လုပ်ပုံကိုင်ပုံများကိုသဘောပေါက်သော်လဲ ကင်ဆော့ဂျင်ဘယ်လိုဖြေရှင်းမလဲကိုသိချင်သဖြင့် ဘာမှနားမလည်သလိုသာဟန်ဆောင်နေလိုက်သည်။ သို့သော်ဘာမှမပြောပဲဒီအတိုင်းလမ်းလျှောက်နေရတာအနည်းငယ်နေရခက်သဖြင့် ဂျွန်ဂျောင်ကုဘက််မှစကားစလိုက်၏။

"ရှစ်ဖု..အဲ့မိစ္ဆာကိုဘာအမျိုးအစားဖြစ်မလဲဟင်?"

ကင်ဆော့ဂျင်ကမိစ္ဆာအကြောင်းတွေးမိနေသဖြင့် ဂျွန်ဂျောင်ကုရှိနေမှန်းတောင်မေ့သွားရာ ထိုစကားကြားမှအမ်းတမ်းတမ်းဖြစ်သွားသည်။

"...မူလမိစ္ဆာဖြစ်ဖို့များတယ်။ ဒါပေမယ့်လဲ မိစ္ဆာလမ်းစဉ်ကျင့်သုံးတဲ့သူမဟုတ်ဘူးလဲမဆိုနိုင်ဘူး"

မိစ္ဆာလောကထဲတွင်လဲအမျိုးအစားနှစ်မျိုးရှိ၏။ သေဆုံးပြီးမကောင်းတဲ့စိတ်ဝိဥာဉ်ကြောင့်မိစ္ဆာဖြစ်လာသူနှင့်တားမြစ်ထားသောမိစ္ဆာသိုင်းအားကျင့်ကြံကာမိစ္ဆာအဖြစ်ခံယူသူ။ ကင်ဆော့ဂျင်ခန်းမှန်းချက်အရဆိုလျှင် အခုသူတို့ရင်ဆိုင်ရမည်မှာမကောင်းတဲ့စိတ်ဝိဥာဉ်ကြောင့်မိစ္ဆာဖြစ်လာသည့်အမျိုးအစားဖြစ်နိုင်သည်။ သို့သော်လဲထိုသို့အတိအကျပြော၍မရသေး။ ခုဏတုန်းကရှောင်းလီမိန်းကလေးမိစ္ဆာအားတွေ့ခဲ့သည်ဆိုသော ရေချိုးခန်းအားစစ်ဆေးကြည့်ရာ တည်နေရာပြောင်းသည့်ကျမ်းစာဘာညာရှာမတွေ့ခြင်းကြောင့် မူလမိစ္တာဟုယူဆမိရုံသာပင်။ သာမာန်လူဆိုလျှင်တော့ ဒီလိုအိမ်များထဲသို့လွယ်လွယ်ဝင်လွယ်လွယ်ထွက်လို့ရမှာမဟုတ်။

"ရထားတဲ့အချက်အလက်ကအရမ်းနည်းနေတော့ အတိအကျပြောလို့မရဘူးဖြစ်နေတယ်"

ကင်ဆော့ဂျင်ရဲ့တွေးနည်းမှာယုတ္တရှိ၏။ သာမာန်လူတွေဆိုလျှင်မူလမိစ္ဆာဟုသာကောက်ချက်ချနိုင်ကာ အခြားအမျိုးအစားကိုသံသယဝင်မိမယ်မထင်။ အာရုံစိုက်ကာဖြစ်နိုင်ချေများကိုတွက်နေသောကင်ဆော့ဂျင်အားကြည့်ရင်းဂျွန်ဂျောင်ကုပြုံးမိသည်။ အာရုံစိုက်နေတဲ့ရှစ်ဖုပုံကလဲဆွဲဆောင်မှုရှိနေပြန်တာပဲ။ *အာဒီကလေးကတော့* ဒီကောင်လေးရဲ့နှလုံးသားကြောင့်ကင်ဆော့ဂျင်အပေါ်သူပါယိမ်းယိုင်လာနေပြီမဟုတ်လား။ ဂျွန်ဂျောင်ကုစိုးရိမ်မိသွား၏။ သူပါကင်ဆော့ဂျင်ကိုကြိုက်မိသွားရင်ဘယ်လိုလုပ်မလဲ။ထိုသို့တွေးရင်း ကင်ဆော့ဂျင်အားခိုးကြည့်လိုက်မိသည်။ ဒါပေမယ့်.. နှမြောစရာပဲ။ ဒီကောင်လေးကသူ့ဘိုးဘွားတွေအစားအပြစ်ဒဏ်ခံရမှာကို။ မင်းသာကင်မျိုးနွယ်အဖြစ်မမွေးဖွားလာခဲ့ရင်ကောင်းမှာပဲ။

ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်Where stories live. Discover now