18

512 99 11
                                    

ကင်ဂိုဏ်းမှကျောင်းသားများအပျောက်အရှသိပ်မများသော်လည်း နှစ်ယောက်ဆုံးရှုံးခဲ့ရသည်မှာနစ်နာမှုတစ်ခုပင်ဖြစ်သည်။ သုံးရက်ခန့်ထိုမှာနေပြီးနောက်ယခုအချိန်တွင်တော့ လင်ဖန်းဖန်တောင်ဆီသို့ပြန်ရန်ပြင်ဆင်နေကြ၏။ ကျောင်းသားများကတော့ ထိုအဖြစ်အပျက်အားမေ့မေ့ပျောက်ပျောက်ဖြစ်ကာ ပြန်ရတော့မည်ဖြစ်သဖြင့်ပျော်ရွှင်နေကြသည်။ ကင်ဆော့ဂျင် ပစ္စည်းများမကျန်ခဲ့ရန်စစ်ဆေးခိုင်းပြီးနောက် ဝေမင်တောင်ထိပ်ပေါ်သို့လှမ်းလိုက်၏။ တောင်သခင်ကသူတို့ပြန်သည်ကိုစောင့်ကြည့်နေသည်ကိုသိရှိလိုက်ရသည်။ မနေ့တုန်းကတောင်သခင်သူ့အားခေါ်တွေ့ကာပြောခဲ့သည့်စကားများကြောင့် ကင်ဆော့ဂျင်၏စိတ်ကလေးလံနေ၏။

"ရှစ်ဖု နေမကောင်းဘူးလား"

ကင်ဆော့ဂျင်အမူအရာမှာတစ်မျိုးဖြစ်နေသဖြင့် ဂျွန်ဂျောင်ကုမေးလိုက်သည်။ တောင်သခင်နှင့်တွေ့ခဲ့ပြီးကတည်းက ကင်ဆော့ဂျင်ကဂျွန်ဂျောင်ကုနှင့်ခပ်ဝေးဝေးနေနေသလိုခံစားရ၏။ ဟိုနဂါးဘာစကားတွေပြောခဲ့တာလဲ?

"ဟင့်အင်း"

ကင်ဆော့ဂျင်ခေါင်းခါရင်း အပြုံးတစ်ခုကနှုတ်ခမ်းတွင်ခပ်မှိန်မှိန်လေးပေါ်ပေါက်လာသည်။ ကင်ဆော့ဂျင်မှအတင်ပြေကြောင်းပြောသဖြင့် ဂျွန်ဂျောင်ကုလဲဆက်မမေးတော့။

"အားလုံးစုံပြီဆိုရင်စထွက်တာပေါ့"

"စထွက်မယ်တဲ့"

"ကြားတယ်"

ဂျွန်ဂျောင်ကုတစ်ဆင့်ပြောသည်ကို ကင်ထယ်ယောင်းမှမျက်မှောင်ကြုံ့ပြီးပြန်ဖြေလိုက်၏။ အပြန်ခရီးတွင်တော့အခက်အခဲတစ်စုံတစ်ရာမှမရှိချေ။ လာရာလမ်းအတိုင်းပြန်ရုံသာဖြစ်သဖြင့် အသွားခရီးထပ်ပို၍မြန်ဆန်သည်။ မနက်အစောကတည်းကခရီးစတင်ထွက်ခွါခဲ့ရာ မွန်းတည့်ချိန်မှမြင်းများအနားယူရန်ရပ်လိုက်ကြ၏။ ဂျွန်ဂျောင်ကုကမြင်းများအားအနီးရှိစမ်းချောင်းနားသို့ဆွဲခေါ်သွားကာရေတိုက်ပေးသည်။ ကင်ထယ်ယောင်းမှအသင့်ယူလာသောဖက်ထုပ်များနှင့်ပေါက်စီများအားအဆာပြေစားရန်သင်တန်းသားအဖော်များအားလိုက်ကျွေး၏။

ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်Where stories live. Discover now