7

535 100 8
                                    

ဂျွန်ဂျောင်ကု ထိုအရပ်သားဘက်သို့ကျဲ့ရီအားလွှဲလိုက်ချိန်မှာပဲ ဓားကအလယ်တွင်ရပ်သွား၏။ သူ့စကားနားမထောင်တဲ့ဓားကြောင့်ဂျွန်ဂျောင်ကုမျက်မှောင်ကြုံ့မိစဉ်မှာပဲ သူတို့နားသို့တစ်ယောက်ရောက်လာသည်။

"ငါမင်းကိုသိုင်းသင်ပေးတာ သာမာန်ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး"

ကင်ဆော့ဂျင်မှ သူ့လက်ထဲမှကျဲ့ရီအားဆွဲယူလိုက်ရင်းပြောလိုက်၏။ အကုန်လုံးရဲ့အကြည့်ကသူ့ဆီသို့ရောက်သွားကြသည်။ တကယ့်ကင်ဆော့ဂျင်အစစ်နဲ့ အသွင်ပြောင်းသူအားယှဉ်မြင်ရတော့ ဆီနဲ့ရေလိုပင်။ အခုအချိန်မှဂျွန်ဂျောင်ကု အသွင်ပြောင်းသူအားကင်ဆော့ဂျင်နဲ့တူတယ်ဟုမြင်မိသဖြင့်နောင်တပင်ရောက်မိ၏။ ထိုမှတစ်ဆင့်ဒေါသများလဲလျော့ကျသွားသည်။

"တောင်းပန်ပါတယ်ရှစ်ဖု။ အသွင်ပြောင်းသူရဲ့လုပ်ရပ်ကြောင့်ဒေါသထွက်ပြီးအမှားလုပ်မိတော့မလို့"

ထိုအခါမှကင်ဆော့ဂျင်သတိထားမိကာ အသွင်ပြောင်းသူအားကြည့်မိ၏။ သူ့ရုပ်နှင့်ဝတ်ဆင်ထားပုံကိုကြည့်ပြီး ဒေါသထွက်သွားသဖြင့် ချီစွမ်းအင်များအားမချုပ်ထိန်းမိပဲလွှတ်ချမိသွားသည်။ ရုတ်တရက်များပြားလာတဲ့ချီစွမ်းအင်နဲ့တင်းကြပ်နေတဲ့လေဖိအားကြောင့် ဂျွန်ဂျောင်ကုပင်ထိတ်လန့်သွား၏။ ဂျွန်ဂျောင်ကုရဲ့ချီအစွမ်းများကြောင့် အသွင်ပြောင်းသူမှတုန်လှုပ်၍ပင်နေသည်ကို ယခုကင်ဆော့ဂျင်ရဲ့ပိုမိုများပြားသောချီစွမ်းအားကြောင့် လှုပ်တောင်မလှုပ်ရဲတော့။ ကင်ဆော့ဂျင်ချက်ချင်းပင် ထိုအသွင်ပြောင်းသူရဲ့အရေခွံအတုအားဓားဖြင့်ခွါချလိုက်၏။

"တောင်းပန်ပါတယ်သခင်လေး!! ဒီငယ်သားကိုချမ်းသာပေးပါ"

ခြေထောက်အားလှမ်းဖက်ရင်းငိုယိုကာပြောနေသောကြောင့် ကင်ဆော့ဂျင်နောက်သို့ဆုတ်မိသွားသည်။ သို့သော်အသွင်ပြောင်းသူကအတင်းဖက်ထားသောကြောင့်ခြေထောက်အားလှုပ်၍မရ။ မျက်နှာအားငုံ့ထားသောကြောင့်သူ့ရဲ့မျက်နှာကိုတော့သေချာမမြင်နိုင်ကြ။

"လွှတ်!"

"တောင်းပန်ပါတယ် သခင်လေး.. နောက်မလုပ်တော့ပါဘူး..."

ချယ်ရီရယ်ကိုယ်ရယ် မလိုမုန်းထားတဲ့သူတွေရယ်Where stories live. Discover now