3.6K 534 64
                                    

အပိုင်း ၃ လူပြက်သုံးယောက်

ထိုအခြေအနေများကို မသိသော ကျိုင်ရှင်းချန်ကမူ သူ၏ အခန်းထဲသို့ ပြန်သွားပြီး ဘောပင်နှင့် စာရွက်ကို ယူကာ အခြားသော ဧည့်သည်ခုနှစ်ယောက်၏ နာမည်များကို ချရေးသည်။

ယန်ကျစ် …. အမျိုးသား ဧည့်သည်…အဓိက ဇာတ်ကောင် နံပါတ်သုံး… သူကလည်း မလာသေးဘူး။ ဒါပေမဲ့ ချရေးထားလိုက်မယ်။ ယန်ကျစ်က အဆင့်အတန်းမြင့်တယ်၊ ကျော်ကြားတယ်။ အင်အားကြီးတဲ့ အမျိုးသားတစ်ယောက်ပဲ

  ကျိုင်ရှင်းချန်က နာမည်များကို အပြာနှင့်အနီခွဲ၍ တစ်ခြမ်းစီ ချရေးလိုက်သည်။

ငါသာ ဒီဝတ္ထုထဲကို ရောက်လာမယ်မှန်း ကြိုသိထားရင် အရေးကြီးတာတွေ လုပ်ထားပါတယ်။ အထူးသဖြင့် ဝတ္ထုကို ပြီးအောင် ဖတ်တာမျိုးပေါ့။

အဆုံးမှာ ဘယ်သူက ဘယ်သူနဲ့ အတွဲဖြစ်သွားမှာလဲ။ ယန်ကျစ်လို လူမျိုးက အတွဲရှိမယ်လို့တော့ မထင်ဘူး။ ဟုတ်တယ် မဟုတ်လား။

ကျိုင်ရှင်းချန်က ဧည့်သည်များကို တချက်ကြည့်လိုက်သည်။
ကြည့်ရတာ ကြုံသလို တွဲလိုက်ရင်တောင် လိုက်နေကြတာပဲ

ဥပမာအနေနဲ့ သွမ့်ရီဟွားလို ကြော့ရှင်းကြည့်ကောင်းပြီး ပင်ကိုယ်ဟန်ရှိတဲ့လူမျိုးက ဟော့ချန်းလို အရပ်ရှည်ရှည် အင်အားကြီးကြီး ရှေးရိုးဆွဲတတ်သလို လူမျိုးနဲ့ လိုက်တယ်။

အေးစက်ပြီး ချောမောတဲ့ ဖေးရွှီကို နွေးထွေးတဲ့ အစ်ကိုကြီးလို နှလုံးသားကို ပိုင်တဲ့လူ ဒါမှမဟုတ် ခွေးရေခြုံထားတဲ့ ဝံပုလွေလို လူမျိုးနဲ့လည်း လိုက်ပြန်တာပဲ

နောက်ထပ် ဥပမာအနေနဲ့ ဟူရင်းက အလှဆုံးမိန်းကလေးတစ်ယောက်လိုပုံစံနဲ့ ရှိနေတော့ ဟော့ချန်းလို အင်အားကြီးတဲ့ တိုက်ခိုက်သူ (ကုံး)နဲ့ တွဲလိုက်ရင် ပိုပြီးတောင် လိုက်ဖက်သွားလိမ့်မယ်။
( ဒီမှာလေ အလှလေးတွေ( ကောင်လေးတွေ)ကို ကောင်မလေးလို ထည့်ထည့်သုံးတာရှိတယ်။ ဘယ်လိုပြောရမလဲ သူတို့အနေနဲ့ဆိုရင် နွဲ့တယ်ဆိုုပြီး လှောင်တာမျိုးမဟုတ်ဘဲ မိန်းကလေးအရှုံးပေးရလောက်အောင် လှတာမျိုးကို ပြောချင်တာဆိုတော့ ဖတ်တဲ့အခါမှာ သိပ်ပြီး seriousမဖြစ်ပါနဲ့နော်)

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now