အပိုင်း ၃၀
“ရှင်းချန်မှာလည်း အလုပ်ရှိသေးတယ်”ယန်ကျစ်က ဟော့ချန်းကို တစ်ချက်ကြည့်လိုက်သည်။
“ငါက အရွက်တွေ ဘယ်လိုဝယ်ရမလဲမသိဘူး”“ကျွန်တော် သွားပါ့မယ်”
ကျိုင်ရှင်းချန်ကပြောသည်။“ကျွန်တော်ကိုယ်တိုင်ရွေးမှဖြစ်လိမ့်မယ်၊ ကျွန်တော် ဆူပါမားကတ်ကို သွားရတာလည်း သဘောကျပါတယ်”
“ဟူရင်းကလည်း လိုက်စရာမလိုဘူး”
ယန်ကျစ်က ထပ်ဖြည့်ပြောသည်။
“မင်း မနက်ဖြန်နောက်ကျတဲ့အထိ အိပ်လို့ရတယ်”
“ရှုံးမှတော့အပြစ်ဒဏ်ကိုဝန်ခံရမှာပဲ၊ အရှုံးက အလုပ်ကြိုးစားရမယ်၊ အိမ်အလုပ်လုပ်ရမယ်လို့ ငါသဘောတူထားပြီးကတည်းက ဘာမှရှက်နေစရာအကြောင်း မရှိဘူး”
ဟူရင်းကပြောသည်။
ကျိုင်ရှင်းချန်က ဟူရင်းရဲ့ရည်ရွယ်ချက်ကို နားမလည်ဘဲဘယ်လိုနေမှာလဲ။
ထို့ကြောင့် သူကပြောလိုက်ရသည်။“အားလုံးပဲ အတူသွားကြတာပေါ့၊ ဒီလိုဆိုရင် ပိုပြီးစည်ကားနေလိမ့်မယ်”
ယန်ကျစ်က သင်ခန်းစာရထားပြီးဖြစ်သဖြင့် အလျင်စလိုမငြင်းဆန်ရဲတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။
ဟော့ချန်းကိုပြန်ကြည့်ပြီးနောက် ဟော့ချန်းက ဆွဲသွင်းခံရသည်ဟု ခံစားလိုက်ရပြီး သူ့ကို လျှို့ဝှက်စွာဖြင့်ရန်စချင်သွားသည်။ သို့တိုင်အောင် သူကိုယ်တိုင်က ကျိုင်ရှင်းချန်က ကျော်ထားပြီးကြောင်း မသိသေးချေ။
သနားစရာကောင်းတဲ့အချစ်ပြိုင်ဘက်ပဲ။
ဟော့ချန်းက ဧည့်ခန်းထဲတွင်လှဲနေသည်။ သူက အခန်းထဲသို့သွားကာ မအိပ်ချေ။ သူက သည်အတိုင်း ကျိုင်ရှင်းချန်နှင့်ဆက်နေလိုသည်။
ကျိုင်ရှင်းချန်နှင့်ဟူရင်းတို့က ကြမ်းပြင်ကိုကြမ်းတိုက်နေကြသည်။ သူကမူ ဆိုဖာပေါ်တွင်လှဲနေပြီး လှမ်းမေးလိုက်သည်။
“ငါ ဝယ်လာတဲ့ပန်းတွေ မင်းတို့အားလုံးယူပြီးသွားပြီလား”
ဟူရင်းကပြောသည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own