အပိုင်း ၆၉ဟူရင်းကလည်း ဖေးရွှီထံမှ လာသည့် ရှင်းပြရန်ခက်ခဲသည့် ရန်လိုစိတ်ကို ခံစားလိုက်ရသည်။
ဖေးရွှီက ခံစားချက်ကို ဖော်မပြတတ်သောသူဖြစ်သည်။ ခံစားချက်ကို ဖော်မပြတတ်ခြင်းအပြင် လူတိုင်းကို အကွာအဝေးတစ်ခု ခြားကာ ဆက်ဆံတတ်သည်။
ဖေးရွှီက မျက်လွှာပြန်ချသွားသည်။ ကွန်ပျူတာမှအလင်းက သူ၏ မျက်ခုံးနားထံ ကျရောက်နေပြီး မျက်နှာသေနှင့်တင် ချောနေပြန်သည်။
ဟူရင်းတောင် အထင်မှားတယ်လို့ ထင်မိတော့မလို့
စားသောက်ပြီးနောက် ဖေးရွှီက မီးဖိုခန်းကို သန့်ရှင်းပေးသည်။ သူက ထိုအလုပ်များကို လုပ်လေ့လုပ်ထမရှိချေ။သို့သော် ထိုသို့လုပ်လေ့လုပ်ထမရှိသောကြောင့် လုပ်လိုက်သည်နှင့် အလေးအနက်ထားကာ လုပ်တော့သည်။သူက ပန်းကန်ပြားတစ်ချပ်ကိုပင် အကြာကြီး သုတ်နေသည်။
ဟူရင်းက နေ့လည်နှစ်နာရီတွင် ထွက်သွားမည်ဖြစ်သည်။ သူက ကျိုင်ရှင်းချန်ကို ပြောသည်။
“ ငါ့ကို ကူပြီး အိတ်လေးပြင်ပေးပါလား အချိန်က တအားနီးနေလို့ ငါ လုပ်လို့ မရတော့ဘူး”ဒီ လူချမ်းသာဒုတိယမျိုးဆက်လေးက လက်ချောင်းလုံးနဲ့ နွေဦးစမ်းရေကိုတောင် မထိဖူးလောက်ဘူး
ကျိုင်ရှင်းချန်က ဖေးရွှီကို ပြောသည်။
“ ကော ဒီမှာပဲ ထားခဲ့လိုက် ခဏနေမှ ကျွန်တော် ဆေးလိုက်မယ်”သူက အပေါ်သို့တက်ပြီး ဟူရင်း၏ အိတ်ကို ပြင်ပေးသည်။ ဟူရင်း၏ အဝတ်များနှင့် စကင်ကဲပစ္စည်းများက သူ့ကို မျက်လုံးပြူးစေသည်။
“ ကောမှာာ အဝတ်တွေ အများကြီးပါတာပဲ”
“ ငါကိုက အများကြီး ယူခဲ့မိတာလေ။ ငါ တရက် နှစ်စုံလဲရင်တောင် သုံးပုံတစ်ပုံတောင် မလျော့ဘူး “
“ငါ ဒီရှိုးကို လာတော့ ကြည့်ရှုသူတွေကို ကြွားရမယ်ဆိုပြီး အဝတ်ဗီရိုရဲ့ အောက်ဆုံးကပါ နှိုက်ထုတ်ခဲ့တာ”
ကျိုင်ရှင်းချန်က သူ၏ အဝတ်အစားများကို ကြည့်ပြီး ဟူရင်း၏ အဝတ်များက ရှုပ်ပွလွန်းသည်ဟု ခံစားလိုက်ရသည်။ အနက်နဲ့အဖြူ ပွဲတက်ဝတ်စုံတွေအပြင် ကျောပြောင် အပွင့်ရှပ်တွေ အစုံပဲ……
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own