အပိုင်း ၂၁
ကျိုင်ရှင်းချန်လည်း အံ့သြသွားသည်။ ထို့နောက် သူက ခပ်တိုးတိုး မေးလိုက်သည်။“ ကောအဆင်ပြေရဲ့လား”
ဖေးရွှီက သူ့ကို တခဏခန့် စိုက်ကြည့်နေပြီးနောက် ခေါင်းကိုခါသည်။ ယန်ကျစ်ကလည်း အနားသို့ ရောက်လာသည်။ ဟော့ချန်းတို့ကလည်း လှမ်းကြည့်လာကြသည်။“ ဖေးရွှီ ဘာဖြစ်လို့လဲ”
လင်းချင်နင်က မေးသည်။
“ သူ သောက်တာများသွားတဲ့ပုံပဲ”
ကျိုင်ရှင်းချန်က ပြောလိုက်သည်။လူတိုင်းက ပြုံးလျက် ထရပ်ကြသည်။ ယန်ကျစ်ကလည်း ရယ်လျက် ဖေးရွှီ၏ ပခုံးကို ပုတ်သည်။ဖေးရွှီက ခပ်ဖြောင့်ဖြောင့် ထထိုင်လာပြီး လူတိုင်းကို မျက်နှာသေဖြင့် ကြည့်သည်။ သို့သော် သူ၏ လည်ပင်းကမူ နီရဲနေသည်။
“ ငါ သောက်တာ များသွားတယ်”
ဟော့ချန်းက ဖေးရွှီကိုကူတွဲပြီး အခန်းသို့ လိုက်ပို့ပေးသည်။ အခြားလူများကလည်း စတင်ကာ သန့်ရှင်းရေးလုပ်ကြသည်။“ ဖေးရွှီက ဆိုးဆိုးရွားရွားကို မသောက်တတ်ဘဲ နေမယ်လို့ မထင်ထားဘူး”
သွမ့်ရီဟွားက ပြောသည်။“ ကိုယ်တို့ထဲမှာ သူက အနည်းဆုံး သောက်တာ မဟုတ်လား”
“ဖေးကော ကြည့်ရတာ ၀ိုင်နှစ်ခွက်ပဲ သောက်တာ ထင်တယ်။ သူ နောက်ပိုင်း ရေပဲ ထိုင်သောက်နေတာ”
ဝမ်နော့က ၀င်ပြောသည်။အားလုံးက ရယ်ကြသည်။ ကျိုင်ရှင်းချန်က မီးဖိုခန်းထဲ ပြန်ဝင်ကာ ဖေးရွှီအတွက် အမူးပြေ ဟင်းချို ချက်သည်။
“ ကျွန်တော် ပိုချက်လိုက်မယ် အားလုံး အတူ သောက်လို့ရတာပေါ့”
“ ကံကောင်းတာက မနက်ဖန် အစောကြီးထဖို့ မလိုတာဘဲ”
ဟူရင်းက သူ့မျက်နှာသူထိသည်။
“ မနက်ဖန်မနက်တော့ မျက်နှာကြီး ယောင်ကိုင်းနေမှာ မြင်ယောင်တယ်”“ ဒါနဲ့ ရှင်းချန်က အများဆုံး သောက်တာ မဟုတ်လား”
သွမ့်ရီဟွားက ပြောသည်။“ ဟော့ကောက စကားပြောနေတဲ့အချိန်မှာ သူက တစ်ခွက်ပြီး တစ်ခွက် ဆက်တိုက် သောက်နေတာ”
“ မင်းက ဒီလောက် သောက်နိုင်မယ်လို့ မထင်ထားဘူး”
ဟူရင်းက ၀င်ပြောသည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own