၁၃

2.5K 416 11
                                    

အပိုင်း-၁၃

ပျံသန်းသော ဘုတ်ပြားဟာ သူ​၏ခြေထောက်အောက်မှ အတောင်ပံများအလား သူ့ကို ရေပေါ်ရောက်နေသော iron man တစ်ယောက်လို ဖြစ်သွားသည်။သူ​၏ကျန်းမာသော ဂျုံကဲ့သို့ အသားအရောင်နှင့် ပေါင်းစပ်ပြီး သူ​၏ တက်ကြွရွှင်လန်းလွန်းနေသော အပြုံးနှင့် မြင့်မားသန်မာသည့် ခန္ဓာကိုယ်ကြောင့် ကျိုင်ရှင်းချန်အနေနှင့် အခြားသော အနီရောင်အသင်းဘက်မှ ဧည့်သည်တော်လေးယောက် မရှိခြင်းကိုပင် မုန်းတီးမိသွားသည်။

ဟော့ချန်း​၏ ဖျော်ဖြေမှုကား မင်သက်စရာကောင်းလွန်းလှသည်။တခဏ အတွင်း တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ရှုနေကြသော သူထဲက မည်သူကများ ဒီလိုလူမျိုးကို မချစ်ဘဲ နေနိုင်မည်နည်းဟုတွေးမိသွားသည်။လူပေါင်းမြောက်များစွာက သူ့အပေါ်ကျရှုံးသွားလောက်လေသည်။

[သောက်ကျိုးနည်း!! ဒါက သောက်ရမ်းမိုက်လွန်းတယ်]

[ဟော့ချန်းက တအားချောတာပဲ။အား..! အရမ်းလည်းသန်မာပြီး အားအင်အပြည့်နဲ့ ခန့်ညားချောမောနေတာ ဟော့ချန်း ကျေးဇူးပြုပြီး ငါ့ကို ကြည့် လိုက်စမ်းပါ။]

[တကယ် အံ့ဩစရာပဲ! ဒါက ပျံသန်းနိုင်တဲ့ ဘုတ်ပြားချန်ပီယံပြိုင်ပွဲမှာတောင် ဝင်ပြိုင်လို့ရတဲ့ အဆင့်မဟုတ်လား]

ဒီလိုအချိန်မျိုးတွင် ဟော့ချန်းကိုသာ မျက်လုံးထဲတိုက်ရိုက် ကြည့်လိုက်မိပါက အကြည့်ပြန်လွှဲရန်ပင် ခက်ခဲသွားပေလိမ့်မည်။

ကျိုင်ရှင်းချန်ဟာ ကမ်းခြေတွင်ထိုင်နေပြီးနောက် ထိုတခဏကို ဓာတ်ပုံရိုက်ယူချင်သွားသည်။ထို့နောက်သူက အနီဘက်မှ အလှလေးများကို ပြန်ပြနိုင်မည် ဖြစ်သည်။

ရုတ်တရက် အနားရှိ ဝန်ထမ်းက သူ့ကိုပြောလာသည်။

"ကင်မရာက ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးရိုက်သင့်တယ်။အနီးကပ်ရိုက်မှ အပေါ်ပိုင်းတစ်ဝက်ကိုပဲ ရိုက်ရမယ်"

"အဆင်ပြေပါတယ်။နောက်ပြီးရင် ပြန်ပြင်ကြမှာပဲ"

ကျိုင်ရှင်းချန်က တစ်ခဏမျှကြောင်သွားသည်။ထို့နောက် အနောက်သို့ ကိုင်းလိုက်ကာ ကင်မရာ​၏ အနောက်သို့ သွားကြည့်လိုက်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now