၆၅+၆၆

615 102 12
                                    


အပိုင်း ၆၅

နောက်တနေ့ မနက်တွင် …
ကျိုင်ရှင်းချန်က အိပ်ယာမှ မထင်ခင် တံခါးမှ တံခါးခေါက်သံကို ကြားလိုက်ရသည်။ သူက လှမ်းမော့ကြည့်လိုက်သည်။

“ ဘယ်သူလဲ”

“ ကိုယ်ပါ”

ယန်ကျစ်ရဲ့ အသံပဲ

“ ဝင်လာခဲ့ပါ”

ယန်ကျစ်က ဝင်လာသည်။

အခန်းက အနည်းငယ် မှောင်နေသဖြင့် သူက မီးဖွင့်ရန် လက်လှမ်းလိုက်ချိန်တွင်  ယန်ကျစ်က တားသည်။
“ ဖွင့်ဖို့မလိုဘူး”

ကျိုင်ရှင်းချန်က ပြန်လှဲလိုက်ပြီး စောင်နှင့် ပတ်ကာ ယန်ကျစ်ကို ကြည့်သည်။

အခန်းထဲတွင် ခပ်မှိန်မှိန် အလင်းသာ ရှိနေသည်။  ယန်ကျစ်က ကုတင်ခေါင်းရင်းနားတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

“ ကိုယ် လေယာဉ်အမီ သွားရမှာဆိုတော့  အခု သွားရတော့မှာ… မင်းကို လာပြောပြတာ….”

ကျိုင်ရှင်းချန်က အင်းဟု ပြောသည်။

ယန်ကျစ်က တော်တော်လေး ယဉ်ကျေးတာပဲ… ထွက်သွားတော့မှာကိုတောင် လူတိုင်းကို လိုက်ပြောပြတယ်

နိုးကာစမို့ထင် တယ်.. သူရဲ့ နှလုံးသားက နူးညံ့နေတယ်… ခွဲရမှာကိုတောင် နည်းနည်း ဝမ်းနည်းမိတယ်

ယန်ကျစ်က ကုတင်ခေါင်းရင်းနားတွင် ဆောင့်ကြောင့်ထိုင်ပြီး မနက်ခင်း နေရောင်အောက်တွင် ကျိုင်ရှင်းချန်ကို ကြည့်သည်။

“ ရက်အနည်းငယ် နေရင် ပြန်တွေ့ကြမယ်”

“ ကောင်းပါပြီ နှုတ်ဆက်ပါတယ်”

အချိန်ကလည်း မိုးလင်းနေပြီဖြစ်သဖြင့် သူ ထပြီး ယန်ကျစ်ကို လိုက်ပို့သင့်သည်ဟု ထင်သည်။

ကျိုင်ရှင်းချန်က စောင်ကို မပြီး ထထိုင်သည်။ ယန်ကျစ်က ကြောင်သွားသည်။

“ မင်း ထဖို့ မလိုပါဘူး’

“ ကျွန်တော် ထရမယ့် အချိန်လည်း ကျနေပါပြီ”

ကျိုင်ရှင်းချန်က ထထိုင်သည်။
“ ခဏနေ ကျွန်တော် ချက်ရတော့မှာ”

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now