၇၄ ၇၅

928 114 3
                                    

gpဝင်မယ်ဆိုရင်လေ kpay only- 09444685541 telegramကို လာပေးနော်
နာမည်က LaWon AkayaMay ပါ @lawonakayamay

အပိုင်း ၇၄

ကျိုင်အိမ်တွင် ...
ပါးပါးကျိုင်နှင့်မားမားကျိုင်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကြသည်။ ထို့နောက် ရှေ့တွင်ရပ်နေသော ဟော့ချန်းကိုပြန်ကြည့်သည်။ ဟော့ချန်းကလည်း သူတို့ကို ကြောင်တောင်တောင်အမူအရာမျိုးနှင့် ပြန်ကြည့်နေသည်။

"ရှင်းချန်က ... သူက အခုလေးတင် သူ့ငယ်ချင်းကိုလိုက်ပို့တာ ပြန်မလာသေးဘူး၊ မင်း နည်းနည်းလေးနောက်ကျသွားတာ၊ မင်းလည်း အဲ့ဒီကောင်လေးကို သိလောက်ပါတယ်၊ မင်းတို့က ရှိုးတစ်ခုတည်းကပဲလေ"

ဟော့ချန်းက ထိုစကားကိုကြားသောအခါ သူ၏စိတ်ထဲတွင် ဟူရင်းနှင့်ယန်ကျစ် ပေါ်လာသည်။

"တကယ်လား"
သူက ပြုံးကာမေးသည်။

"ဟုတ်လား သူက ..."

"ဖေးရွှီလေ"
မားမားကျိုင်ကဖြေသည်။

ဟော့ချန်းက ကြောင်အသွားသည်။

ဖေးရွှီဖြစ်လိမ့်မယ်လို့ မထင်ထားဘူး၊ သူက ဒီနေရာကို ဘာလို့လာတာလဲ၊ ဖြတ်သွားတာလား၊ ရှိုးအဖွဲ့က အထူးတလည်ချမှတ်ပေးထားတဲ့ မစ်ရှင်တွေများ ရှိနေတာလား။

"ဖေးရွှီ ဟုတ်လား"
သူက ဆက်မေးသည်။

သူက ထိုသို့မေးပြီးသည်နှင့် တံခါးဖွင့်သံကိုကြားလိုက်ရသည်။

ပါးပါးကျိုင်က မတ်တပ်ထရပ်ကာပြောသည်။
"ရှင်းချန်ပြန်လာပြီ"

ကျိုင်ရှင်းချန်က သော့ကိုချလိုက်ချိန်တွင် ဝင်ပေါက်တွင် လည်သာဖိနပ်တစ်စုံကို မြင်လိုက်ရပြီး ကြောင်သွားသည်။ သူက ဖိနပ်ပါးကိုစီးကာ အထဲသို့ဝင်လာသောအခါ ဧည့်ခန်းတွင်ရပ်နေသော ဟော့ချန်းကိုမြင်လိုက်ရသည်။

ကျိုင်ရှင်းချန် "..."

ဟော့ချန်းကရယ်သည်။
"ရှင်းချန်"

"ကော ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ကျိုင်ရှင်းချန်က အံ့အားတကြီးမေးသည်။

ဟော့ချန်းက ရယ်သည်။
"ငါ့မှာ ဘာမှလုပ်စရာမရှိတော့ ဒီအတိုင်း မင်းနဲ့လာကစားတာ"

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now