ကျိုင်ရှင်းချန်က လူတိုင်းထက်အရင်ထသည်။မည်သို့ပင်ဆိုစေ သူက ဒီရှိုးတွင် အလုပ်အကြိုးစားဆုံး ဝန်ထမ်းလေးဖြစ်နေသည်။
ချမ်းသာသော ဒုတိယမျိုးဆက် ခန့်ညားသောကောင်လေးများက အိပ်စက်နေချိန်တွင် အလုပ်ကြိုးစားသော အဖြည့်ခံလူသားတစ်ယောက်အနေနှင့် သူက စောစောထ၍ ညစာပြင်ဆင်သင့်သည်။
ရေခဲသေတ္တာထဲတွင် စားစရာ ဘာမှမရှိတော့ချေ။ထို့ကြောင့် သူကဖိနပ်ဝတ်ပြီး စူပါမတ်ကပ်သို့ သွားရန်ပြင်ဆင်လိုက်သည်။အဆုံးတွင် ခြံဝန်းအရှေ့ဘက်ပိုင်း၌ထိုင်ကာ စကားပြောနေကြသော လင်းချင်နင်နှင့်ဟူရင်းတို့ကိုတွေ့လိုက်ရသည်။သူတို့၏အနားတွင် ကင်မရာမန်းများလဲမရှိချေ။ထိုကဲ့သို့သောအခြေအနေမျိုးဟာ ရှိုးအဖွဲ့သားများကိုတမင်ရှောင်ပြီး စကားပြောနေခြင်းဖြစ်လောက်သည်။
ဟူရင်းကမေးလာသည်။
"မင်း အခြေအနေဘယ်လိုရှိလဲ။ဖေးရွှီနဲ့အဆင်ပြေရဲ့လား?"
လင်းချင်နင်ကပြောသည်။
"အဆင်ပြေပါတယ်"
"ဖေးရွှီက အမြဲတမ်းမျက်နှာသေနဲ့မဟုတ် ဘူးလား"
မနက်ပိုင်းကဖေးရွှီဟာ သူ့အားထားပြီးပြေးထွက်သွားသောအခြေအနေကို ပြန်တွေးမိသော် ဒေါသထွက်လာသည်။ကြည့်ရသည်မှာ ထိုအတွက်ကြောင့် သူ၏နှလုံးသားဟာ ပိတ်ဆို့ခံရသလိုမျိုး ခံစားနေရပြီး လင်းချင်နင်နှင့်ဖေးရွှီတို့ အတူကစားရန် ထွက်သွားသည့်အခါ အခြေအနေကို သိချင်စိတ်ပြင်းပြနေခြင်းဖြစ်လောက်သည်။
လင်းချင်နင်က ပြုံးကာဖြေသည်။
"သူ့ရဲ့မျက်နှာက အမြဲတမ်းပုတ်သိုးနေတာပဲမဟုတ်ပါဘူး။ငါတို့က မိတ်ဆွေကောင်းတွေလေ။သူက ငါ့ကိုတော့ မျက်နှာသာပေးပါသေးတယ်။"
ဟူရင်းကပြုံးကာပြောသည်။
"အလင်းဖွားလေးတွေ လက်တာမရှိဘူးလား"
"ဖေးရွှီနဲ့လား?"
လင်းချင်နင်ကပြောသည်။
"ငါငယ်ငယ်ကတည်းက သူ့ကိုသိလာတာ။ငါတို့နှစ်ယောက်ကြားမှာ ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။မင်းက သူ့ကိုကြိုက်နေတာမဟုတ်ဘူးလား"
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own