အပိုင်း ၂၉လင်းချင်နင်တို့က တံခါးဝတွင် ထီးများထားလိုက်ကြသည်။
“ဟော့ကောက ပန်းတွေဝယ်လာတာပဲ”“ငါ သုံးစည်းတောင်ဝယ်လာတယ်၊ မင်းတို့ကြိုက်ရာကိုရွေးလိုက်”
ဟူရင်းက သူ၏အင်္ကျီလက်ထဲမှ တစ်စည်းကို လှမ်းယူပြီးနောက် ပြောသည်။
“ကျေးဇူးတင်ပါတယ် ဟော့ကော”
လူတိုင်းကရယ်ကြသည်။ယန်ကျစ်က ဂျစ်ပဆိုဖီလာနှင့်ခမ်မွန်မိုင်ပန်းကို ဝယ်လာခဲ့ပြီး ဒါက သူနှင့် အလွန်သင့်တော်သည်။ ဟော့ချန်းကမူ ကြမ်းတမ်းသောပုံစံမျိုးရှိသည့်အမျိုးသား ဖြစ်သော်လည်း ပန်းရောင်ပန်းများကိုဝယ်လာသည်။ ဒါက သူနှင့် အလွန်သင့်တော်နေပြန်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် သူက သည်လိုပန်းမျိုးကို ဝယ်မည်ဖြစ်ကြောင်း သေချာသည်။
လူတိုင်းက ထမင်းစားစားပွဲနားတွင်ဝိုင်းလျက် ထိုပန်းစည်းသုံးစည်းကိုဖွင့်ကာ ဖြည်လိုက်ကြသည်။ ယန်ကျစ်က အခန်းထဲသို့ တစ်ဖြောင့်တည်းဝင်သွားသည်။ ဖေးရွှီကမူ ဆက်ကြည့်နေသည်။ သွမ့်ရီဟွားကလည်း မကြာခင်ပြန်လာသည်။
အချိန်ကစောနေသေးသည်။ ထို့ကြောင့် သူတို့က အစောတလျင် အနားမယူကြသေးချေ။ ဟူရင်းက လူတိုင်းကို အတူထိုင်ပြီးဂိမ်းကစားရန် အကြံပြုလိုက်သည်။“ဘာဂိမ်းလဲ”
“အမှန်ပြောရတာနဲ့ တစ်ခုခုလုပ်ခိုင်းတဲ့အတိုင်း လုပ်ရတဲ့ဂိမ်းဆိုရင် ဘယ်လိုလဲ”
ဟူရင်းကပြောသည်။“အာ ပြန်လာတာနဲ့ ဒီလိုစိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းမျိုးကို ဆော့ချင်သွားပြီလား”
ကျိုင်ရှင်းချန်ကလည်း သူ ယခင်က သည်ရှိုးပွဲကိုကြည့်စဉ်ကလည်း ထိုကဲ့သို့သော ဂိမ်းများက ရှူရာကွင်းအပြည့်ရှိတတ်ပြီး နောက်ပိုင်းမှသာ ကစားရန် သင့်တော်ကြောင်းနားလည်ထားသည်။ သို့မှသာလျှင် စစ်ပွဲက စမည်ဖြစ်သည်။ ထိုသို့ကစားလိုက်သည်နှင့် ယမ်းမှုန့်များက ထောင်တက်လာလေ့ရှိကာ ပျော်စရာ စိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်။ သူ့အနေဖြင့် ထိတ်လန့်သည်းဖိုရုပ်ရှင်များကို ကြည့်လျှင်ပင် ထိုကဲ့သို့သော ခံစားချက်မျိုးကိုမရဖူးချေ။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own