၇၂+၇၃

988 156 5
                                    


အပိုင်း ၇၂

အပြာအနီသင်္ကေတ၏တတိယစီဆင်မှ ပထမပိုင်းက ကြည့်ရှုနှုန်း အလွန်မြင့်ခဲ့ပြီး ရှာဖွေအများဆုံးနေရာကို လေးကြိမ်ဆက်တိုက်ရခဲ့သည်။ ပရိုဂရမ်အဖွဲ့က ပိုက်ဆံဖြင့် ဝယ်ယူခဲ့သော ရှာဖွေမှုအများဆုံးနေရာကလွဲပြီး သီးသန့်နေရာလေးခုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ပုဂ္ဂိုလ်ရေးသီးသန့်ဆန်သော နေရာသုံးခုကိုလည်း ရထားသေးသည်။ တစ်ခုက ‘ယန်ကျစ်ရှန်းလျန်ကျုံး’၊ နောက်တစ်ခုကမူ ‘ဟူရင်းရဲ့အပြာအနီသင်္ကေတ’ နှင့် အခြားတစ်ခုကမူ ‘ဖေးဟွားရုန်ရဲ့သား ဖေးရွှီ’တို့ဖြစ်သည်။

ဖေးဟွားရုန်က ယခင်နိုင်ငံအဆင့်ဟွားတန်ဖြစ်ပြီး အလွန်နာမည်ကြီးသည်။ သူမ၏သားဖြစ်သူ ဖေးရွှီက ငယ်စဉ်ကတည်းက ရှာဖွေမှုအများဆုံးစာရင်းကို ဝင်နေကြဖြစ်ပြီး အဆူခံရဖူးသလို အဆဲလည်းခံရဖူးသည်။ ထို့ကြောင့် ဒါက သူ့အတွက် မရှောင်ရှားနိုင်သောကံကြမ္မာဖြစ်သွားသည်။ သူက သူ့အမေထက်ပင် မနည်းသော ကျော်ကြားမှုမျိုးကို ပိုင်ဆိုင်ထားသည်။ သူ့ကို ထိုတံဆိပ်မှ ဖယ်ရှား၍မရနိုင်ချေ။

ဖေးရွှီကိုယ်တိုင်ကလည်း ပြည်သူပြည်သားများက သူနှင့်ပတ်သက်ပြီးပြောသော အကြောင်းအရာများကို ဂရုမစိုက်ချေ။ သူက အရွယ်ရောက်လာပြီဖြစ်သည်။ သူက လုံလောက်အောင်အင်အားကြီးနေလေပြီ။ သူက ယခင်ကကဲ့သို့ ဆယ်ကျော်သက် တစ်ယောက် မဟုတ်တော့ချေ။ သို့ရာတွင် ဖေးဟွားရုန်ကမူ သားဖြစ်သူ၏ ခံစားချက်များနှင့် ပတ်သက်ပြီး စိုးရိမ်သည်။ ထို့ကြောင့် အမြဲတစေ ထိုရှာဖွေမှုအများဆုံးနေရာကို ပိုက်ဆံသုံးကာ ဖယ်လေ့ရှိသည်။

ထိုသို့ဖယ်လိုက်ပြီးနောက် သူမက ဖေးရွှီကိုလှမ်းခေါ်သည်။ ဖေးရွှီကိုယ်တိုင်ကမူ သူက ရှာဖွေမှုအများဆုံးနေရာသို့ ဝင်သွားကြောင်း မသိသေးချေ။

သူက ဝေ့ပေါ်မသုံးချေ။ သူ ဝေ့ပေါ်မှသတင်းများကိုလည်း မဖတ်ချေ။ အပြာအနီသင်္ကေတကိုလည်း မကြည့်ခဲ့ချေ။ ထို့ကြောင့် ရှိုးက နာမည်ကြီးခြင်း ရှိမရှိကိုလည်း ဂရုမစိုက်ခဲ့ချေ။
သူက ရှိုးတွင်ပါသည်မှာ မည်သည့်ရည်ရွယ်ချက်မျှ မရှိချေ။ သည်အတိုင်း မျက်နှာသာပြန်ပေးရန်ဖြစ်သည်။ ကျေးဇူးကြွေးဆပ်ရန်ဟုလည်း ပြော၍ရသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now