အပိုင်း ၂၇သူတို့သုံးယောက်က ချိန်းထားသော စားသောက်ဆိုင်သို့ အလျင ်သွားလိုက်ကြသည်။
ထိုဆိုင်က ကျုံးဝူနားတွင်ဆိုလျင် ဈေးအကြီးဆုံး အထူးဆိုင်ကြီးဖြစ်သည်။ဆိုင်နာမည်က နှိမ့်ချသလို ထင်ရသည့်တိုင် ဟင်းများက ဈေးကြီးသလို အဆင့်အတန်းမြင့်သည်။ ထိုဆိုင်၏ စီးပွားရေးကလည်း အလွန်ကောင်းသည်။ သာမန်ကျောင်းသားများက မတတ်နိုင်ကြချေ။ သို့သော် ကျုံးဝူတွင် လူချမ်းသာများ အလွန်များနေသေးသလို မိတ်ဆွေဖွဲ့ရန်လာသည့် လူချမ်းသာများလည်း ထပ်ပြီး ရှိနေသေးသည်။
သူတို့က လေးထပ်သို့ တက်သွားလိုက်ကြသည်။ ထိုနေရာမှဆိုလျင် တရုတ် အကကျောင်းတော်ကြီးကို ခြုံမြင်နိုင်သည်။
ပရိုဂရမ်အဖွဲ့က သူတို့ဘိုကင်တင်ထားသော အခန်းထဲတွင် ကင်မရာများ တပ်ထားသော်လည်း ကျဉ်းမြောင်းသော သီးသန့်ခန်းလေးထဲတွင် ကင်မရာ ခုနှစ်လုံး ၊ ရှစ်လုံး တပ်ထားသဖြင့် မမြင်ရသော နေရာ မရှိလောက်အောင် ၃၆၀ ဒီဂရီ လှည့်ပတ်ကာ ရိုက်နိုင်သည်ဟု ပြော၍ရသည်။ ကျိုင်ရှင်းချန်တို့ကမူ ကျင့်သားရနေသဖြင့် ကင်မရာများကို မတည်ရှိသလိုသာ သဘောထားလိုက်သည်။
“ ဘယ်လိုထိုင်ကြမလဲ”
ယန်ကျစ်က ပြောသည်။
“ ဒီအတိုင်း ထိုင်တာပေါ့”ပုံမှန်အတိုင်း ဝင်ထိုင်တော့မလိုလို ပြုမူပြနေသည့်တိုင် ကျိုင်ရှင်းချန်ကို မြင်နိုင်ရန် ခြေလှမ်းကို တဝက်စာခန့် သိသိသာသာ နှေးလိုက်သည်။
“ ကျွန်တော်တို့က ဘယ်မှာ ထိုင်ထိုင်ရတယ်။ အဓိကက ယန်ကောပဲ”
ကျိုင်ရှင်းချန်က ပြောသည်။
“ယန်ကောက ကောင်မလေးကို ဂရုစိုက်ရမယ်လေ၊ ယန်ကောရဲ့ ဝမ်းကွဲ အနားမှာ ထိုင်မှာ မဟုတ်လား။ မဟုတ်ရင် ရှက်နေပါဦးမယ်”ယန်ကျစ်:”……”
ဒီနေ့က နေ့ကောင်းမဟုတ်ဘူးပဲ ဘာမှကို အဆင်မပြေဘူး
သို့တိုင်အောင် သူက ကျိုင်ရှင်းချန်၏ မျက်နှာချင်းဆိုင် နေရာတွင် ဝင်ထိုင်လိုက်သေးသည်။
ဖေးရွှီက ကျိုင်ရှင်းချန်၏ ဘေးတွင် ထိုင်သည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own