အပိုင်း ၁၀ မီး(ဟော်)
စာတိုလေးစောင် ဆက်တိုက်ရပြီးနောက် ကျိုင်ရှင်းချန်က အေးခဲသွားတော့သည်။
သူက စာတိုလေးစောင်လုံးကို ထပ်ခါတလဲလဲ ဖတ်ကြည့်သည်။ကံကောင်းစွာဖြင့် မည်သူကမျှ ခံစားချက်ကို ဖော်ပြသော စာမျိုး မပို့ထားကြချေ။ နောက်ဆုံးတစ်ခုဆိုလျင် အနည်းငယ် ကြောင်တောင်တောင်နိုင်သည်။
အက်စစ်နေပါနေသလိုမျိုး…. မနာလိုနေသလိုလို…..
အဲဒိစာကိုပို့တဲ့လူက ဖေးရွှီနဲ့ ယန်ကျစ်တို့ သူ့ကိုပေးတဲ့ ခရုခွံတွေကိုများ မြင်သွားလို့လား
လေသံအရ ဝမ်နော့က ပို့တာတော့ မဖြစ်နိုင်ဘူး
သွမ့်ရီဟွားနဲ့ လင်းချင်ချင်ကလည်း ဒီလိုလေသံမျိုး မသုံးတတ်ဘူး
ဆိုတော့ ဟူရင်းပဲ ကျန်တော့တယ်
ဟူရင်းက အမြဲတမ်းပွင့်လင်းပြီး သူ ပြောချင်တာကိုပဲ တိုက်ရိုက် ပြောတတ်တော့ ကြည့်ရတာ သူ ဖြစ်လောက်တယ်
ကံကောင်းတာက ဘယ်သူကမှ ချစ်ကြိုက်ကြောင်း မပို့ထားကြဘူး၊ မဟုတ်ရင် သူတော့ ခေါင်းကိုက်နေရတော့မှာပဲ
သူက အရံလေးပဲ ဖြစ်ချင်တာပါ၊ အဓိက ဇာတ်လိုက်သုံးယောက်ကြား မညပ်ချင်ပါဘူး
“ ကျိုင်ရှင်းချန်”
ပရိုဂရမ် အဖွဲ့က သူ့အား ရုတ်တရက် ခေါ်လာသည်။
သူက အင်းဟု ပြန်ဖြေပြီး ကင်မရာကို မော့ကြည့်လိုက်သည်။
“ မင်း စာ ပို့ရမယ့် အချိန်ရောက်နေပြီ”
ဝန်ထမ်းက သူ့ကို သတိပေးသည်။
ကျိုင်ရှင်းချန်ကလည်း ယခုမှ သတိရသွားပြီး အာ ဟု ပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ်ပါ သူက သူ့နေရာသူ သိပါတယ်။ သူ့လို ဆင်းရဲတဲ့ ကျောင်းသားလေးက အဓိကဇာတ်လိုက်တွေလို ဘောစ့်တွေကို ဘယ်လိုများ ကျော်တက်နိုင်မှာလဲ
သူက မူရင်းဝတ္ထုထဲကအတိုင်း စာတိုပို့လိုက်သည်။သူက စာပို့ပြီးချိန်မှာတင် တံခါးခေါက်သံကို ကြားလိုက်ရသည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own