အပိုင်း ၄၈ပွဲကြည့်စင်၏ရှေ့ဆုံးထပ်အလယ်နေရာတွင် ရှစ်ခုံလွတ်နေသည်။
ရှောင်ကျိုးက ကျုံးဝူအနားတွင် နို့လက်ဖက်ရည်ဆိုင်ဖွင့်ထားသည်။ ၇ နာရီထိုးတွင် လူများ များလာသောအခါ ထိုနို့လက်ဖက်ရည်ဆိုင်အပြင်ဘက်တွင် လူတန်းရှည်ကြီးရှိလာသည်။ ရုတ်တရက် လူအုပ်ထဲမှ တအံ့တဩရေရွတ်သံများကို ကြားလိုက်ရသဖြင့် ရှောင်ကျိုးက ခေါင်းလှည့်ကာကြည့်လိုက်သောအခါ ကျုံးဝူဂိတ်အပြင်ဘက်တွင် တန်းစီကာ ရပ်ထားသည့် ဇိမ်ခံကားအတန်းလိုက်ကို မြင်လိုက်ရသည်။
“ဝိုး Rols-Royce Phanton ပဲ ဒါက ဆယ်သန်းနီးပါးရှိတယ်၊ ဒီကား ငါ သောက်ကျိုးနည်း”
“ဒါက Maybach ၊ Poysche ၊ Audi ၊ Lamborghini ၊ Feriari ပဲ၊ ၁၂၃၄၅၆ ငါတို့ကျောင်းက ဘာလုပ်လို့ ဒီလောက်ဇိမ်ခံကားတွေအများကြီး ပေါ်လာတာလဲ၊ ဇိမ်ခံကားပြပွဲလား”
“အနည်းဆုံး လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ထွက်ထားတဲ့ နောက်ဆုံးပေါ်ကားတွေ ချည်းပဲ”
ပရိုဂရမ်ရိုက်ကူးရေးအဖွဲ့မှ ဝန်ထမ်းက ကောပင်းကိုအထိတ်တလန့်ပြောသည်။
“ငါတို့တွေအရမ်း တခမ်းတနားလုပ်လွန်းနေပြီလား”
ကောပင်းကပြောသည်။
“ငါတို့ ဒီဆီဆင်ရဲ့ အဓိက Theme ကကို ချမ်းသာကြွယ်ဝပြီး အင်အားကြီးတဲ့မိသားစုတွေအကြောင်း မဟုတ်လား၊ နောက်ပြီး ငါတို့ဆီမှာ အထက်တန်းစားလူချမ်းသာဒုတိယမျိုးဆက်တွေ အများကြီးရှိနေတာ၊ ကြည့်ရှုသူတွေက ဒါပဲကြည့်ချင်နေကြမှာပေါ့”ဇိမ်ခံကားတစ်စီးကိုမြင်သောအခါ အမျိုးသားများက တုံ့ဆိုင်းမနေကြချေ။ လူအများစုက သူတို့၏မိုဘိုင်းဖုန်းကိုထုတ်ပြီး ဓါတ်ပုံရိုက်ကြသည်။ ကားတိုင်းရပ်ပြီးနောက် ဇိမ်ခံကားထဲမှ လူများတစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
ရွှေရောင်လမ်းမီးတိုင်၏ဝေဝါးသောည၏ ရွှေရောင်လမ်းမီးတိုင်အောက်တွင် ကားထဲမှထွက်လာသော ထိုလူများကြောင့် အနီးအနားရှိမိန်းကလေးများက တအံ့တဩ ရေရွတ်ကြရသည်။ အကြောင်းမူကား ဇိမ်ခံကားထဲမှ ထွက်လာသောလူတိုင်းက ခြေတံရှည်များနှင့်ဖြူဖွေးသောအသားအရေ၊ လှပသောရုပ်သွင်များကို ပိုင်ဆိုင်ထားကြသည့် လူချောလေးများဖြစ်နေကြသည်။ သူတို့ကို တစ်ချက်ကြည့်ရုံဖြင့် ချမ်းသာကြောင်းသိနိုင်သည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own