အပိုင်း ၄၁“ ဒါတွေအားလုံးကို လုပ်ထားတာလား”
ယန်ကျစ်က ခေါင်းညိတ်သည်။
“ ဟုတ်ပါတယ် နှစ်သက်ရာ သုံးဆောင်နိုင်ပါတယ်”သူက ပထမဆုံးလုပ်ထားသည့် ဆန်းဝှစ်ကို ကျိုင်ရှင်းချန်က စားနှင့်ပြီးလေပြီ။ သူက အရမ်းကို ပိုင်စိုးလိုစိတ်ကြီးတယ်။ ပထမဆုံးဆိုတဲ့ အရာတွေကို အရမ်း ဂရုစိုက်တယ်
ယန်ကျစ်က မနက်စာ ပြင်ထားကြောင်း သိသွားသည့် ဟော့ချန်းက အလွန် အံ့သြသွားသည်။
အချစ်ပြိုင်ဘက်တွေရဲ့ အတွေးတွေက တူနေတယ်လို့ပဲ ပြောနိုင်တော့တယ်။ အလွယ်ဆုံးတစ်ခုကနေ အရင်စတာပဲဘာလို့လဲဆိုရင ်သူလည်း မနေ့က ညနက်တဲ့အထိ ကျိုင်ရှင်းချန်နဲ့ ထိတွေ့ဆက်ဆံမှု များမယ့် အခွင့်အရေးတွေကို တွေးနေခဲ့တာလေ
ကျိုင်ရှင်းချန်ဆိုရင် သူ အနေအများဆုံးက မီးဖိုခန်းလေ။ သူက ကျိုင်ရှင်းချန်ဆီကနေ ဟင်းချက်သင်ဖို့ စဉ်းစားထားတာ။ ဒါပေမဲ့ ယန်ကျစ်က အရင်ဦးသွားမယ်လို့ မထင်ထားဘူး
“ ဒါက ယန်ကျစ်ကိုယ်တိုင် လုပ်ထားတဲ့ ဆန်းဝှစ်လား”
ဟူရင်းက ရယ်သည်။
“ ဟုတ်တယ် ယန်ကောက ကိုယ်တိုင် လုပ်ထားတာ”“ ငါလည်း ပြောတော့မလို့ပဲ။ ငါတို့တွေ ရှင်းချန်ကိုပဲ ချက်ခိုင်းနေလို့ဘယ်ဖြစ်ပါ့မလဲ။ ငါတို့လည်း ဟင်းချက်သင်သင့်တယ်။ ကောင်းတာ မကောင်းတာထက် သင်ချင်စိတ်ရှိရင်ကို ဟုတ်နေပြီ။ ငါနဲ့စရင် ဘယ်လိုလဲ”
ယန်ကျစ်က ပေါ့ပါးစွာ ပြောသည်။
“ဟော့ကော ပြောတာ မှန်လိုက်တာ။ ဖြစ်ချင်တော့ ကျွန်တော်က အချိန်ရတယ်လေ။ နေ့ခင်းပိုင်းမှာ ချက်နည်းတွေ ကြည့်ထားပြီး ညနေမှ ရှင်းချန်နဲ့အတူ ကူချက်လိုက်ရင် ညစာအတွက် အဆင်ပြေမှာပဲ”ဟော့ချန်းက ရယ်သည်။
“ ရှင်းချန်က ဒီည ဒိတ်ရှိတာ မဟုတ်လား”ယန်ကျစ်က မျက်နှာက တောင့်တင်း အေးခဲသွားသည်။
ဟော့ချန်း:” ဆိုတော့ မင်းပဲ ငါတို့ကို ညစာ ချက်ပေးရတော့မယ် ထင်တယ်”
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own