အပိုင်း ၃၇အနှိပ်ခံရသည့် ခံစားချက်က ထိုသို့ဖြစ်သည်။ နာသော်လည်း လန်းဆန်းစေပြီး အနည်းငယ်ပင် ယားယံစေသေးသည်။ ထိုကြောင့် ညည်းသံထွက်သည်မှာလည်း သဘာဝကျသည်။
ဟင်း..
သူ၏ အနားရှိအမျိုးသားသုံးယောက်လုံး၏ နားရွက်များကန ီရဲလာသည်။ မည်သူမျှ မည်သည့်စကားမျှ မပြောရဲကြဘဲ ထိုအတိုင်း နာနာခံခံ ဆက်လှဲနေလိုက်ကြသည်။
“ တဖက်လှည့်လိုက်ပါ”
ဆရာက ပြောသည်။“ အရှေ့ဘက်ကိုလည်း နှိပ်ရမယ်”
ဟော့ချန်း:” မလိုတော့ဘူး”
ဟော့ချန်းက ပြောလိုက်သည်။ ခပ်ကြမ်းကြမ်း လူ၏ လေသံက ပထမဦးဆုံးအကြိမ် နူးညံ့သွားသည်။သူ့အတွက ်အရှေ့ဘက်ကို နှိပ်ရန် မလိုအပ်သလို ဖေးရွှီနှင့် ယန်ကျစ်သည်လည်းမ လိုချေ။
ကောပင်းတို့သည်လည်း ကင်မရာထဲရှိ လူအချို့ကို ကြည့်နေရင်း ပြီတီတီ ပြုံးနေရသဖြင့် ဘောလုံးလို ကွေးကာ လုံးသွားတော့မည်ဟုပင် ခံစားလာရသည်။
ဒီည မမျော်လင့်ထားတဲ့ အံ့သြသင့်စရာတွေ ရလိုက်တာပဲ
ရိုက်ကူးရေး အက်ဖက်က အပြည့်ရလိုက်သဖြင့် ပရိုဂရမ်အဖွဲ့က အလွန် ကျေနပ်နေသည်။
ကောပင်းက ဇာတ်ညွှန်းရေးဆရာလျှိုတို့ကို ခေါ်လိုက်သည်။ လူတိုုင်းက ထမင်းစားပွဲကို ဝိုင်းကာ ထိုင်လျက် နေ့လည်စာ စားရင်း အပြာအနီစံအိမ်မှ နောက်ထပ် ထွက်ပေါ်လာမည့် ခံစားချက် ထရန့်အကြောင်း ပြောနေကြသည်။
သူတို့၏အရှေ့တွင် ဝိုက်ဘုတ်တစ်ခု ရှိေနေသည်။လျန်ကျုံးကို ကွန်းမန့်ပေးသူများလို ဧည့်သည်ရှစ်ယောက်၏ နာမည်ကို ရေးထားသည်။
သည်တစ်ကြိမ်တွင် အပြာအနီဆိုပြီး နှစ်ခြမ်းမခွဲထားဘဲ ကြိုက်ရာလူနှင့် ကြိုက်သလို ဆက်၍ရစေရန် အဌဂံပုံစံဖြင့် ရေးထားသည်။
“ အလွယ်ဆုံးကို အရင်ကြည့်ရအောင် ဟော့ချန်းနဲ့ ယန်ကျစ်တို့ နှစ်ယောက်လုံးက ကျိုင်ရှင်းချန်ကို ကြိုက်နေကြတယ်။ မင်းတို့ လက်ခံလား”
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own