အပိုင်း ၁၉
တခဏခန့်ကြာပြီးနောက် ယန်ကျစ်က အ၀တ်အစားလဲပြီး အိပ်ခန်းထဲမှ ပြန်ထွက်လာသည်။ သည်တစ်ကြိမ်တွင် သူက သူတို့၏ အဖွဲ့၏ လိုဂိုတံဆိပ်ပါသော အင်္ကျီလက်ရှည်ကို ၀တ်လာသည်။
ဟူရင်းကတ ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
“ ဒါက ငါတို့အားလုံးသိတဲ့ ယူနီဖောင်းပဲ အဲဒီဘရန်းက မင်းတို့အသင်းကို စပွန်ဆာ ပေးတာ မဟုတ်လား”ယန်ကျစ်က အင်းဟုသာ ဖြေသည်။သာမန်အ၀တ်များနှင့်ပင် ကြည့်ကောင်းသော အမျိုးသားက ဈေးကြီးအ၀တ်အစားများနှင့်ဆိုလျင်ပို၍ ကြည့်ကောင်းသည်။
ယန်ကျစ်၏ အ၀တ်အစားတိုင်းက ဇိမ်ခံအ၀တ်အစားများဖြစ်သလို တချက်ကြည့်ရုံဖြင့်ပင် ဈေးကြီးကြောင်း သိနိုင်သည်။ဧည့်သည်ရှစ်ယောက်တွင် သူ၏ အ၀တ်အစားများက အရည်အသွေးအကောင်းဆုံးနှင့် ဈေးအကြီးဆုံးဖြစ်သည်။
သူက ရိုးမန့်ကို အနားလည်ဆုံးဖြစ်သည်။ ရှစ်ယောက်ထဲတွင် အရင်ဆုံး ပန်းများ ၀ယ်လာသောသူဖြစ်သည်။
နေ့စဉ်ဘ၀မှာ ပန်းဝယ်ပေးတဲ့ အမျိုးသားတွေက တအား ရိုဆန်တယ်
ယန်ကျစ်က ပယ်ဂိုနီယာ အဓိက ဇာတ်လိုက်ဟု ကျိုင်ရှင်းချန်က တွေးလိုက်သည်။
(ပယ်ဂိုနီယာက ပန်းပါပဲ ပန်းရောင်ပန်းလေလေ အောက်မှာပုံပါတယ်…. ဒီပန်းကို ဂျီးနီးယပ်လို့သုံးတော့ ယန်ကျစ်ကို ချီးကျူးလိုက်တာ…..)ဒီလိုအမျိုးသားက ကိုယ်က သတိမထားမိခင် ကိုယ့်ကို အထက်တန်းလွှာအသိုင်းအ၀ိုင်းက ညစားစားပွဲကို ခေါ်သွားမယ့် …… လူကြီးလူကောင်းပီသတဲ့သူ၊ အရည်အသွေးပြည့်မီ၊ ၂၄မျိုးနဲ့အညီသိတတ်တဲ့ ကြင်နာတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်လိုမျိုး….
ဒါပေမဲ့ သူက အိမ်ပြန်ရောက်လို့ နက်ကတိုင်ကို ချွတ်နေရင်းနဲ့ မတန်ငယ် လှုပ်ခါနေတဲ့ လေသံမျိုးနဲ့
“ ဘောင်းဘီကို ချွတ်လိုက်….ဆွဲချွတ်လိုက်”လို့ ပြောမယ့်လူမျိုးကောင်းပြီလေ ဒီလို အကျင့်စရိုက်က ဟူရင်းနဲ့ အရမ်း လိုက်ပါတယ်
ဟူရင်းက ယန်ကျစ်ကို မိုးရေထဲတွင် အချိန်အတန်ကြာ စောင့်နေခဲ့သည်။ ထိုအကြောင်းကို သိသည့်အတွက်ကြောင့် လင်းချင်နင်တို့အားလုံးက ယန်ကျစ်အပေါ် သတိထား ဆက်ဆံလိုက်ကြသည်။
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own