၆၁ ၆၂

1.6K 193 6
                                    


အပိုင်း ၆၁

ကောပင်းက ထရပ်လိုက်ပြီး ကျိုင်ရှင်းချန်ကို ကြည့်သည့်အခါ သူ၏ မျက်ဝန်းက တောက်ပနေသည်။

“ ဆံပင်ကို နောက်ကို သပ်တင်ထားတာထက် ပိုကြည့်ကောင်းလား”
သူက ရှိုးအဖွဲ့မှ စတိုင်လစ်ကို ပြန်မေးသည်။

“ နှဖူးကို ပြကြည့်ပါလား”
စတိုင်လစ်က ပြောသည်။

“နက်ကတိုင်က ဘယ်လိုလဲ ရှင်းလွန်းနေလား”

စတိုင်လစ်:” ငါ့ကို ယုံပါ၊ အဆင်ပြေတယ်။ သူ ဖြစ်လေလေ ပိုတောက်ပလေလေပဲ”

အပြင်မှ ဟူရင်းတို့က ငြိမ်ငြိမ် ထိုင်မနေနိုင်ကြတော့ချေ။
“ကျိုင်ရှင်းချန်က မလာသေးဘူးလား”

သူက ထိုသို့ပြောပြီးသည်နှင့် အထဲမှ ဝန်ထမ်းများ ထွက်လာခြင်းအားမြင်လိုက်ရသည်။

အထဲမှ လူလေးယောက် ငါးယောက်လောက် ထွက်လာသဖြင့် ဟူရင်းက ရယ်သည်။
“ အမေရေ … မင်းတို့က မဟုတ်…”

သို့သော ်သူ၏ စကားတဝက်က မထွက်လာတော့ချေ။

သူ၏ အနားရှိသွမ့်ရီဟွားနှင့် ဝမ်နော့တို့လည်း မင်သက်သွားသည်။ ဟူရင်းဆိုလျင် ရယ်ရင်း တန်းလန်း၊ စကားပြောလက်စ တန်းလန်းရပ်သွားက မလှုပ်ရှားတော့ခြင်းဖြစ်သည်။

ဖေးရွှီ၊ယန်ကျစ်နှင့် ဟော့ချန်းတို့သုံးယောက်က စမ်းသပ်ရှူတင် ရိုက်နေကြခြင်းဖြစ်သည်။သူတို့၏ အနားတွင် ဝန်ထမ်းများနှင့် အလင်းဘုတ်များက ဝိုင်းနေသည်။ အသံကလည်း ဆူလွန်းနေသည်။

ဝန်ထမ်း:” come on”

သုံးယောက်လုံးက တစ်ချိန်တည်းလိုလို ခေါင်းလှည့်ကြည့်လိုက်ကြသည်။

ဝန်ထမ်းကို ကျော်ကြည့်လိုက်လျင် အနက်ရောင် suitဝတ်ထားသည့် ကောင်လေးတစ်ယောက်က ကောပင်းတို့နှင့်အတူ လျှောက်လာနေကြောင်း မြင်လိုက်ရလေသည်။

ဒါက ကျိုင်ရှင်းချန်တော့ ကျိုင်ရှင်းချန်ပဲ ဒါပေမဲ့ ကျိုင်ရှင်းချန် မဟုတ်ဘူး

အနက်ရောင် suit အနက်ရောင် နက်ကတိုင် အဖြူရောင် ရှပ် …… ဒီလို ရှင်းသန့်နေတဲ့ ပြောင် ဝတ်စုံဆိုပေမဲ့ …. ဒီမျက်နှာရဲ့ တောက်ပမှုနဲ့ ထိန်းထားတယ်။ ကျိုင်ရှင်းချန်က ဆံပင်ကို လှန်တင်ထားတော့ ရှင်းလင်းနေတဲ့ နှဖူးက သူရဲ့ အဆင့်တန်းမြင့်ပြီး တောက်ပတဲ့ ချောမောမှုကို ထင်ပေါ်နေစေတယ်။
သူက လက်မြောက်ပြီး လက်ကောက်ဝတ်မှ ကြယ်သီးကို တပ်သည်။ထို့နောက် ဝန်ထမ်းများထံ အသာ တချက် ခေါင်းငုံ့ပြလိုက်လျက ်ပြောသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now