၆၇+၆၈

598 94 5
                                    


အပိုင်း ၆၇
ဟော့ချန်းကို လိုက်ပို့ပြီးနောက် သွမ့်ရီဟွားနှင့်ဟူရင်းတို့က အောက်ထပ်သို့ အတူဆင်းလာကြသည်။ သွမ့်ရီဟွား၏မျက်နှာက မကောင်းသေးချေ။

ကျိုင်ရှင်းချန်ကိုမြင်သောအခါ သူက အတော်လေးရှက်သွားသည်။ အရက်ရှိန် ပြယ်သွားသောအခါ သူက အသိပြန်ဝင်သွားပြီဖြစ်သည်။ သူ သည်နေ့ နောက်ကျမှထလာသည်မှာ သူနိုးလာသောအခါ မနေ့ညက အပြုအမူများကို ပြန်သတိရသွားပြီး ရှက်လွန်းသဖြင့် တလောကလုံးကို မည်သို့ရင်ဆိုင်ရမည်ကို မသိတော့သောကြောင့်ဖြစ်သည်။

သူ့ထက်ဆယ်နှစ်နီးပါးငယ်သော လူငယ်တစ်ယောက်နှင့်တွေ့ပြီး သူက မူးသွားသောအခါ အလွန်တက်ကြွစွာဖြင့် တစ်ဖက်သူ၏လက်မောင်းကို မထိန်းနိုင်မသိမ်းနိုင် သွားဆွဲမိလေသည်။
ထိုအချိန်ကလည်း အခန်းထဲတွင် ကင်မရာအများကြီးရှိနေသည်။ ထို့ကြောင့် သူ့ကိုဖမ်းယူထားမိပေလိမ့်မည်။
သူ ပို့သောစာအတွက်လည်း ရှက်မိပြန်သည်။
အကြောင်းမူကား သူက သည်အတိုင်း ဗလာချည်းသာ ပို့လိုက်မိသည်။ သူ ပြောချင်သောစကားကို မည်သို့ပြောသင့်ကြောင်းမသိသောကြောင့် ဘာမှမရေးနိုင်ခဲ့ပေ။
သူက ကောင်မလေးတစ်ယောက်လို ကြောင်သူတော်ဆန်ခဲ့သည်။

ကျိုင်ရှင်းချန်က ပုံမှန်အတိုင်းပြုမူနိုင်ရန် အကောင်းဆုံးကြိုးစားရှာသည်။

“သွမ့်ကော သွမ့်ကော မနက်စာစားပြီးပြီလား၊ ကျွန်တော် သွမ့်ကောအတွက် မနက်စာချန်ထားပေးတယ်”

“နောက်ကျနေပြီ ငါ မြန်မြန်ထွက်သွားရတော့မယ်”

သွမ့်ရီဟွားကပြောသည်။ ဟူရင်းက သွမ့်ရီဟွားက တိတ်တဆိတ် တစ်ချက်ကြည့်သည်။ ထို့နောက် သူ့ကိုကူကာအောက်ထပ်သို့ ခရီးဆောင်အိတ်ကို သယ်သွားပေးလိုက်သည်။
ထိုအချိန်တွင် ဟူရင်းကလည်း လေထုအခြေအနေကို ခံစားမိသည်။ လေထုအခြေအနေက ကို့ရို့ကားယားနိုင်လွန်းသည်။

မနေ့ညကတင် သူက သွမ့်ရီဟွားနှင့်ကျိုင်ရှင်းချန်ကို တွဲပေးရန် ကြိုးစားခဲ့သေးသည်။
ဟူရင်းက ကျိုင်ရှင်းချန်၏မျက်လုံးအနေအထားကို ဂရုတစိုက်လေ့လာ ကြည့်လိုက်သောအခါ ကျိုင်ရှင်းချန်က ယခင်အတိုင်း သွမ့်ရီဟွားကို မရှက်လွန်း မပျော်လွန်းအနေအထားနှင့်သာ ဆက်ဆံကြောင်းသိလိုက်သည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now