၆၃+၆၄

868 115 4
                                    


အပိုင်း ၆၃
သို့သော် ဖေးရွှီကမူ သူ၏နက်ကတိုင်မှကလစ်များထဲမှ တစ်ခုကိုဖြုတ်လိုက်ပြီး သူ့ကိုချည်ပေးသည်။

“ဒါက မင်းနဲ့မလိုက်ဘူးလား”
ဖေးရွှီက နူးညံ့စွာမေးသည်။

ရှုတင်ရိုက်ကွင်းနေရာက ဆူညံနေသည်။ ကျိုင်ရှင်းချန်က ခပ်တိုးတိုးသာကြားလိုက်ရသည်။ ထို့ကြောင့် ခေါင်းငုံ့ကြည့်လိုက်မှသာ ထိုနက်တိုင်ကလစ်လေးပေါ်တွင် ကြယ်ပုံလေးရှိကြောင်း မြင်လိုက်ရသည်။

ငွေရောင်နက်ကတိုင်ကလစ်က သူ၏အနက်ရောင်ပြောင်နက်ကတိုင်ကို ဖြောင့်မတ်သွားစေသည်။
ထို့နောက် ဖေးရွှီက ကျိုင်ရှင်းချန်၏အနားတွင်ရပ်သည်။

“ဒီအတိုင်းရိုက်ရအောင်”

ဖေးရွှီက ရယ်လည်းမရယ်ချေ။ မျက်နှာထားကလည်းတည်နေသည်။ ဝန်ထမ်းက ကင်မရာကိုတစ်ချက်ကြည့်ပြီးနောက် ခပ်တိုးတိုးပြောသည်။

“ဘာလို့ဒီပုံစံက အရမ်းဖြောင့်မတ်လွန်းသလိုဖြစ်နေတာလဲ၊ ငါ မရယ်ချင်ဘူး၊ သူတို့က ရုပ်နဲ့ပဲထိန်းထားမှာထင်တယ်”

“တစ်ချက်ကြည့်လိုက်ရုံနဲ့ မင်္ဂလာဆောင်ဓါတ်ပုံလိုပဲ”

နောက်ထပ်တစ်ချက်ထပ်ကြည့်လိုက်တော့ …
တူတော့တူတာပဲ။

ဓါတ်ပုံများအားလုံး ရိုက်ကူးပြီးနောက် ကျိုင်ရှင်းချန်က နွမ်းနယ်နေသည့်ခါးကို ကိုင်းကာမှီလိုက်ရသည်။

သူသည်လည်း ဓါတ်ပုံရိုက်သောကိစ္စက ထိုမျှဒုက္ခများပြီး အချိန်စားလွန်းမည်ဟု မထင်ထားမိချေ။
အနုပညာရှင်လုပ်ရတာမလွယ်ဘူးပဲ။

“ပင်ပန်းနေပြီလား”
ယန်ကျစ်က ခပ်တိုးတိုးမေးလိုက်သည်။

ကျိုင်ရှင်းချန်ကခေါင်းငြိမ့်သည်။

“ခင်ဗျားတို့ ဒီနေ့ ရိုက်ကူးလို့ပြီးသွားပြီလား”
ယန်ကျစ်က ဒါရိုက်တာကိုမေးသည်။

ကောပင်းက ပြောသည်။
“ပြီးသွားပြီ မင်းတို့တွေစာပို့ပြီးတာနဲ့ နားလို့ရပြီ”

ထိုအခန်းထဲတွင် အလင်းအများကြီးသုံးထားသည်။ အားလုံးကလည်း suit အိုင်တီများ ဝတ်ထားကြသည်။ ကျိုင်ရှင်းချန်ကလည်း သူ ချွေးအလွန်ထွက်ကာ ပူလွန်းနေသည်ဟု ခံစားရသည်။ ထို့ကြောင့် အင်္ကျီကော်လံမှကြယ်သီးကိုဖြုတ်လိုက်ပြီး ဆိုဖာကိုသာ မှီနေလိုက်ကာ ဓါတ်ပုံဆရာက ရိုက်ကူးပြီးသားဖလင်ကို ပြန်ကြည့်နေသည့်အခြေအနေကိုသာ စောင့်ကြည့်နေလိုက်သည်။ နာမည်ကြီး ဓါတ်ပုံဆရာများက နာမည်ကြီးဓါတ်ပုံဆရာများဖြစ်ထိုက်ပေသည်။ သူတို့ရိုက်ပေးသော ဓါတ်ပုံများကလည်း အလွန်ကောင်းသည်။

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now