အပိုင်း(၂၀)
ဝမ်နော့ကမေးလာသည်။
"မင်းက ခါးသီးတဲ့နောက်ခံကလာပြီး ထမင်းပေါင်းအိုးတောင်မသုံးတတ်ဘူးလား"
"ငါ့မှာ ဒီအတွက် အကြောင်းပြချက်ရှိတယ်"
ဟော့ချန်းကပြောလာသည်။
"ငါကသေးငယ်တဲ့ တောင်တန်းရွာကလာတာလေ။ငါကျောင်းနေတဲ့အရွယ်မှာ ငါတို့ရဲ့ မိသားစုမှာ ထမင်းပေါင်းအိုးထည့်သုံးဖို့ကိုမပြောနဲ့ဦး ငါအထက်တန်းဂျူနီယာနှစ်ရောက်မှ လျှပ်စစ်မီးကိုအသုံးပြုနိုင်တာ။အဲ့ဒီ့မတိုင်ခင်က ငါတို့ရဲ့မွေးရပ်မြေမှာ ငါတို့က မြေအိုးတွေကိုပဲသုံးပြီး ချက်ပြုတ်ကြတယ်။မြေအိုးတွေကဘာလဲသိလား။သစ်သားမီးနဲ့ ချက်ပြုတ်ကြရတာလေ"
ဟော့ချန်း၏ သာမန်နောက်ခံအတိတ်က ရွှေဇွန်းကိုက်ကြီးပျင်းလာသောလူများအတွက် အတွေ့အကြုံသစ်ဖြစ်နေသည်။
ဟော့ချန်းက ယခင်ကသူ၏မွေးရပ်မြေအကြောင်းကိုလည်း ပြောခဲ့ဖူးသေးသည်။သူ၏မိဘနှစ်ပါးက ကျန်းမာရေးမကောင်းသဖြင့် အစိုးရ၏ အထောက်အပံ့ဖြင့်သာရှင်သန်နေရသည်။ထို့အချိနိက သူကသိုးကျောင်းခဲ့ရသည်။သူကကျောင်းသွားခဲ့ရပြီး လယ်လည်းလုပ်ရသေးသည်။သူတို့က နေ့တိုင်းလိုလို သုံးလေးနာရီခန့်လမ်းလျှောက်ရသည်။ထိုတိုင်း နေ့စဉ်လုပ်ရခြင်းဖြစ်သည်။
"ဒါဆိုရင် မင်းနေ့တိုင်း အစောကြီးထရမှာပေါ့"
ဟော့ချန်းက ခေါင်းငြိမ့်သည်။
"ငါတို့က အဲ့အချိန်တုန်းက မနက်ပိုင်းကျောင်းလေ။အဲ့ဒါကြောင့် မနက်တိုင်း လေးနာရီဆို ပုံမှန်အိပ်ယာထရတယ်။ငါ ငါ့ရဲ့သူငယ်ချင်းတွေနဲ့အတူ တောင်ပေါ်တက်ရတယ်။တောင်ထိပ်အထိတက်ပြီး ပြန်ဆင်းရတယ်။ဒီတော့ ငါအိမ်ပြန်ရောက်တဲ့အခါ မှောင်နေပြီ"
အတိတ်အကြောင်းကို ပြန်ပြောနေရင်းဟော့ချန်းက ဝိုင်တစ်ခွက်ကိုသောက်သည်။ထို့နောက် သူက ခေါင်းယမ်းရင်းပြောလာသည်။
"တကယ်ကိုခါးသီးခဲ့လွန်းပါတယ်"
"မင်းကတကယ်ကိုတော်တာပဲ။တောင်ပေါ်ကနေ ဝင်ခွင့်ဖြေနိုင်ဖို့မလွယ်လောက်ဘူးလေ"
YOU ARE READING
ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲ
Romancefun translation not my own