၂၃

2.3K 405 14
                                    

အပိုင်း ၂၃

ဘေးအိမ်မှ အရာအားလုံးကို ကြားနေရသည့် ပရိုဂရမ်အဖွဲ့မှ လူများကမူြိငမ်ကျသွားလေသည်။ ထိုထဲက မည်သူကမျှ လူချမ်းသာ ဒုတိယမျိုးဆက်များ မဟုတ်ကြချေ။ ထိုကြောင့် ဟော့ချန်း၏ အတိတ်မှ အတွေ့အကြုံက ဆိုရှယ်တိရိစ္ဆာန် တစ်အုပ်ကို အတိတ်ကြောင်းများ သတိရသွားစေသည်။
ဝမ်းနည်းစရာ အလုပ်သများတွေ

“ နှမြောစရာက ဒီအပိုင်းကို ထုတ်လွှင့်လို့မရတာပဲ မဟုတ်ရင် ဟော့ချန်းက အမှတ်တွေ အများကြီး ရလိမ့်မယ်”

“ ကျိုင်ရှင်းချန်ရဲ့  နှလုံးသားထဲမှာတော့ အမှတ်တွေ တိုးသွားလောက်ပြီ မဟုတ်လား၊ ဒါက ဘောနပ်ပဲလေ မဟုတ်ဘူးလား”

“အမှတ်တွေ ပိုရတော့ရော ဘာများ ထူးဆန်းလဲ၊ ဒါက သူငယ်ချင်းအမှတ်ပဲ ဖြစ်မှာ အချစ်အမှတ် မဟုတ်ဘူး”
“ငါကတော့ မားစ် CPဘက်က နည်းနည်းပို ရပ်တည်ချင်သွားပြီ။ ကျိုင်ရှင်းချန်ရ ရန်စတယ်လို့တော့ မထင်ပါနဲ့။ ကျေးဇူးပြုပြီး မင်းရဲ့ ဘေးက အမျိုးသားဧည့်သည်တွေကို သေသေချာချာလေးပဲ မြင်အောင် ကြည့်ပေးပါလား”

အပြင်ဘက်ရှိ မိုးက အားဖျော့သွားသလို ညတာကလည်း တိတ်ဆိတ်သွားသည်။

အပေါ်ထပ်မှ သွမ့်ရီဟွားနှင့် ၀မ်နော့တို့ကလည်း ဟော့ချန်းအကြောင်း ပြောနေကြလေသည်။
ဒီနေ့ အတက်ကြွဆုံးနဲ့ အကြောင်းအသိဆုံးက ဟော့ချန်းပဲ

“ဒါပေမဲ့ ငါ့ကို အအံ့သြစေဆုံးက သူက ကောလိပ်ဝင်ခွင့် စာမေးပွဲမှာ အဆင့်တစ်ရခဲ့တာပဲ…သူက  စက်စုပ်စရာကောင်းတဲ့ ညံ့ဖျင်းတဲ့လူလိုပေါက်နေတာ ထိပ်တန်း ကျောင်းသားလို့ မထင်ထားမိဘူး”
ဟူရင်းက သူ၏ ထင်မြင်ချက်ကို ပြောပြသည်။

“ သူကသာ ဥာဏ်တအားမကောင်းဘဲ မတိုက်ခိုက်ရဲ မစွန့်စားရဲရင် ဘယ်လိုများ ဒီနေ့လို အောင်မြင်မှုကို ပိုင်ဆိုင်ထားမှာလဲ”
သွမ့်ရီဟွားက ပြောပြသည်။

“ ဟော့ကောက အခုလက်ရှိမှာ ဘာအလုပ်လုပ်နေတာလဲ”

“ နည်းပညာကုမ္ပဏီပဲ…. ဆော့ဝဲလ်ပိုင်း တိုးတက်မှုရေးရာ ဘက်က ထင်တယ်”

ဘာလို့ အဓိကဇာတ်ကောင်တွေက ငါ့ကို ဒီလို လာကြည့်နေတာလဲWhere stories live. Discover now