အဆုံးမရှိသမုဒ္ဒ ရာ ထဲသဘော်သားတွေ
ကြယ်ကလေးတွေကိုကြည့်ပြီးခရီးဆက်တယ်။ ကပ်တိန် Jeon RayNar
ပဲ့ထိန်းထိန်းလိုက် သံလိုက်အိမ်မြှောင်ကြည့်လိုက်နဲ့ အနီးဆုံးကျွန်းကိုကပ်ဖို့လိုက်ရှာနေသည်။ကောင်းကင်ကကြယ်စုလေးတွေနဲ့ လမင်းသည် သမုဒ္ဒ ရာ ရေပြင်မှာရောင်ပြန်ဟပ်နေတာအလွန်ကြည့်ကောင်းသည်
အရိုးခေါင်းပါ အမဲရောင်အလံတလွှင့်လွှင့်
လွင့်နေသည့် ပင်လယ်ဓားမြသဘော်ဝမ်းဗိုက်
ထဲမှာသဘော်သားတွေ
ကတော့ညဘက်ဆိုရမ်အမူးသောက်နေကြပြီ
ကုန်ပတ်မှာတော့ Ray Jin တစ်ယောက်တည်း ညအလှကိုခံစားနေ၏" Ryan Jin .. Jin "
အသံလာတော့လှည့်ကြည့်လိုက်သည်။
ကပ်ပတိန်ဂျွန်ကသံလိုက်အိမ်မြှောင်ကို သူ့ဘောင်းဘီ့အိတ်ကပ်ထဲထည့်ရင်းအနားမှာလာရပ်သည်" Captain Jeon Ray Nar! "
RaynJin ရဲ့ လန့်နေတဲ့မျက်နှာလေးကိုလရောင်အောက်မှာအတိုင်းသားမြင်ရသည့်Captain Jeon Ray ဟာရင်ဖိုကာ မသိမသာလေးပြုံမိသည်။
သဘော်းသားဝတ်ရုပ်ဆိုးအကျည်းတန် ဝါကျင်ကျင် ဖျင်အကျီနဲ့
အရောင်မွဲမွဲဖျင်ဘောင်းဘီဝတ်ထားတာတောင် Ryan Jin ကအတော်ကြည့်ကောင်းသည် ။" ကိုယ့်ကိုလန့်စရာမလိုပါဘူးJin..နောက်
နှစ်ယောက်တည်းရှိချိန်ဆို Jeon လို့ပဲခေါ်ပါ "Captain Jeon Ray ကနူးညံ့စွာကြည့်သည်။
သူမျက်ဝါးထင်ထင်မြင်ရတဲ့ Jeon Rayရဲ့
ရေလမ်းခရီးတစ်လျှောက် အညှာတာမဲ့ ကျွန်းစုတွေပေါ်ကလူတွေကိုသတ်ဖြတ်ခဲ့ပုံနဲ့အခုလူမိုက်ကြီးမှာရှိနေတဲ့ နွေးထွေးတဲ့မျက်ဝန်းတစ်စုံရယ်..
နူးညံ့တဲ့စကားလုံးတွေရယ်ရှိမယ်လို့ သူမထင်ထားဘူး အဲ့လိုစကားတွေမကြားရတာ Ryan Jin နှစ်အတော်ကြာ ကြာပြီ ။" ဟုတ်ကဲ့ "
" မချမ်းဘူး လား "
ပင်လယ်လေကြမ်းတွေကိုဘယ်သူ့မှခံနိုင်ရည်မရှိ ။ အဝတ်ပါးနဲ့ Ryan Jin က ကျုံ့ကျုံလေးရပ်နေသည်
" နည်းနည်း ချမ်းတယ် "
" ကိုယ်ဖက်ထားပေးရမလား "
" အိုး .. နေပါစေ အထဲဝင်တော့မှာ Capt အဲ ..Jeon သွား..သွားပြီ "
အမှားမှားနဲ့ပြာယာခတ်ကာ သဘော်ဝမ်းဗိုက်ထဲဆင်းပြေးသွားတဲ့ သဘော်သားအသစ်လေး Ryan Jin ကိုကြည့်ရင်း Caption Jeon Ray Nar လဲ ရင်ဘတ်ထဲပြာယာခတ်ကာ ရေပြင်ကိုသာ ပြုံးရင်းကြည့်နေမိသည်။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..