9

1K 186 94
                                        

JungKook ကရေလမ်းကြောင်းကို လူမှန်းသိတတ်စထဲကလည်ပတ်ခဲ့သူပီပီ ရေထဲတွင်သက်လုံအားကောင်းကောင်းနဲ့သာမာန်လူတွေထက် အချိန်ပိုကြာကူးခတ်နိုင်သည် အတွေ့ကြုံမရှိသူအဖို့တစ် စက္ကန့်ကအစအရေးကြီးသည်။

မကြာခင်သေတော့မှာသေချာနေတဲ့SeokJin အဖြစ်ကြောင့် ငါးမန်းတွေသူ့ကိုမတွေ့ခင် ရေပေါ်ပြန်တတ်ဖို့ စိတ်ကူးလိုက်ပေမယ့် ရုတ်တရက်ပိုကောင်းတဲ့အစီအစဉ်ဉီးနှောက်ထဲဝင်လာသည်။

အနီးအနားကကျောက်တန်းနားမှာဝင်ပုန်းကာမြန်မြန်လှုပ်ရှားဖို့ငါးမန်းအလစ်ကိုချောင်းနေသည်။
ငါးမန်းသုံးကောင်လှည့်ပတ်ချိန်အကွာအဝေးက ဖြည်းညင်းသည် သဘော်ထဲဝင်ဖို့ ၁၀စက္ကန့်ပဲ JungKook မှာအချိန်ရှိထိ ဒီထက်အကြာကြီးသူရေအောက်ထဲမှာနေရင်လဲ
အသက်ရှုကြပ်ပြီးသေလိမ့်မည်။

JungKook အချိန်အခါကိုသေချာစောင့်ပြီး ငါးမန်းသုံးကောင်လည့်ပတ်နေတဲ့အချိန် ကျောက်တန်းထဲကထွက်ကာ သဘော်ပျက်ထဲစီအလျင်အမြန်ဝင်သွားလိုက်သည်။
အရမ်းကြာရင်သူလဲတောင့်ခံနိုင်မည်
မဟုတ်ပါ

သဘော်ထဲဝင်ပြီးပြီချင်း SeokJinနောက်ကျော ကိုတန်းတွေ့သည် ။JungKook ရင်ထဲအလုံးကြီးကျသွားသလိုခံစားရကာငါးမန်းတွေကို အထဲကနေလမ်းကြည့်နေတဲ့SeokJin လက်ကိုဖမ်းဆွဲသည်။

SeokJin အတော်လေးထိတ်လန့်ပြီး လက်ကိုဆွဲတဲ့လူကိုလှည့်ကြည့်သည်။ JungKook မှန်းသိတော့ အတင်းရုန်းကာခပ်ဝေးဝေးပြေးချင်ပေမယ့် ညာခြေထောက်ကို
ငါးမန်းဟပ်ထားသည်ကြောင့် ဒဏ်ရာရကာ ခြေထောက်မလှုပ်ရှားနိုင်ဖြစ်နေ၏။

ရေထဲမှာမို့ JungKook နဲ့ဆော့ဂျင်စကားပြောလို့မရပေ။ မျက်နှာတွေက မနှစ်သက်မှုတွေအသီးသီးနဲ့ စကားလုံးများထက်တောင်ပို သေးသည်။
JungKook ကအပြင်ထွက်ဖို့အတင်းဆွဲ...SeokJin ကရုန်းနဲ့ ရေအောက်ထဲမှာ
စက္ကန့်အတော်ကြာစေသည်။

နောက်ဆုံးဂျောင်ကုကိုပြန်တွန်းလွှတ်နေတဲ့SeokJin လက်တွေတဖြည်းဖြည်းအားလျော့လာကာ မျက်လုံးများတဖြည်းဖြည်းမှိတ်ကျသွားသည်။ SeokJin တော့အသက်ရှုကြပ်ပြီးမေ့သွားပုံရသည်။JungKook လဲအကြာကြီးမတောင့်ခံနိုင်ပါ

Bad Romance (Completed)Where stories live. Discover now