28

684 129 21
                                    

ပုသိမ် ဟာလဝါနှင့်ထိုးမုန့်ဟုဆိုင်းဘုတ်ချိတ်ထားသည့်ဆိုင်ကို NamJoonလှမ်းကြည့် နေသည် ။ သူ့ရောက်ခဲ့တဲ့အချိန်တုန်းကဘာဆိုင်းဘုတ်မှမချိတ်ထားသလိုဆိုင်သေးသေးလေးပဲရှိသေးသည်။ အခုမှာဆိုင်သေးသေးလေးနေရာတွင် သေချာကျကျနနဆောက်ထားသည့်မုန့်ဆိုင်ကြီးတစ်ခုရှိနေသည်။ တစ်ခါသာရောက်ဖူးပေမယ့်စျေးထိပ်ကဆိုင်လေးနေရာကိုသူအတိအကျမှတ်မိနေပါသေး သည်။

ပုဝါလေးကိုတင်းတင်းဆုပ်၍ထိုဆိုင်ကြီးစီ အပြုံးချိုချိုစိတ်တွေလှုပ်ရှားကာလျှောက်လာခဲ့သည်။
ပြန်တွေ့ရင်ဘယ်လိုနှုတ်ဆက်ရမလဲ သူ့ကိုမှတ်ရောမှတ်မိပါအုံးမလား..တွေးကြည့်တာနဲ့လူပျိုကြီးရင်တွေအတော်ခုန်ရသည်။

ရင်တွေခုန်ရတာခဏပါပဲ လမ်းတစ်ဖက်ကဆိုင်စီလာဖို့လမ်းကူးလာရသည့်လမ်းတွင် အပြုံးချိုချိုတွေပျောက်ကွယ်သွားကာလမ်းလယ်ခေါင်တွင် KimNamJoon ကျောက်ရုပ်ဖြစ်သွားရသည်။

ကလေးသေးသေးလေးချီကာဆိုင်အပြင်ထွက်လာသည့်အဝါရောင်မြန်မာဝတ်စုံနှင့်ကောင်မ
မလေးသည် သူ့မိန်းကလေးမှသူ့မိန်းကလေးအစစ် ။သူ့မိန်းကလေးနောက်တွင်ယောက်ျားတစ်ယောက်ကပ်ပါလာကာ ကလေးကိုပြုံးရယ်ပြီး သူ့မိန်းကလေးလက်ထဲကလိုက်လုချီနေသည်။

KimNamJoon ဟာ Captain Jeonလို ဖုန်လူးသဲလူးနှပ်ချေးတွေထွက်ပြီးသောင်ပြင်တွင်ထိုင်မဆွေးနိုင်ပေမယ့် လမ်းလယ်ခေါင်တွင်တော့ကျောက်ရုပ်သဖွယ်ရပ်ကာ ဆွံ့အ ​နေသည်။

ကားများသွားလာနေသည့်ကြားတွင်အရပ်ရှည်ရှည်ဗလတောင့်တောင့်နဲ့အမျိုးသားကို ကားဟွန်းများတီးပြီးလမ်းဖယ်ပေးဖို့အော်ဟစ်သံသည် ပုသိမ်မြို့မစျေးရှေ့အတော်ဆူညံသွားသည် ။ စပ်စုနေသူများဟာ KimNamJoon ကို ရူးများသွားသလားဟု အော်သံတွေကိုလဲဘာမှမတုံ့ပြန်ပဲရပ်ကြည့်နေမြဲ ။

အလာကောင်းပေမယ့်အခါနှောင်းသွားပုံရသည်
သူ့မိန်းကလေးမှာ မိသားစုလေးပင်ရှိနေရှာပြီး
ဒီဘဝမှာဖြတ်သွားဖြတ်လာဧည်သည်လောက်နဲ့သူ့မိန်းကလေးနှင့်ဆုံဖို့ကံပါလာသည်
ထင်ပါတယ်။

ကလေးကိုချီနေသည့် မိန်းကလေးကိုဘေးကအမျိုးသားဟာစကားကပ်ပြောပြီး လမ်းလယ်ခေါင်က NamJoonကိုလက်ညိုးထိုးပြသည်။ မိန်းကလေးလဲ သူ့ဘေးကလူညွှန်ပြသည့်NamJoonအဖြစ်ကို အံ့သြနေ၍ ကလေးကိုအမြန်ဘေးကလူစီထိုးထည့်ကာ ကားလမ်းပေါ်တွေတွေကြီးရပ်နေသည့်NamJoon စီပြေးသွားသည်။

Bad Romance (Completed)Where stories live. Discover now