ပုသိမ်မှထွက်ခွာလာတဲ့နေမှစ ၆ရက်မြောက်သောနေ့တွင် Malaysia သို့ရောက်သည် ။ ထိုမှတစ်ဆင့် Malacca ရေလက်ကြားသို့ရောက်ပြီး သုံးညကြာရွက်လွှင့်လာကာ စင်ကာပူသို့ရောက်သည် ။
" ရောက်တော့မှာလား Joon hyung "
အကုန်လုံးအိပ်မောကျနေချိန် သဘော်အပေါ်ပိုင်းတွင် NamJoon နဲ့ JungKook တစ်ယောက်တစ်လှည့်စီသာ ပဲ့ထိန်းနေသည် ။
" မနက်မိုးလင်းတော့ရောက်မယ်ထင်တယ် "
" ဒါဆို အကိုသွားအိပ်တော့ "
" မအိပ်ချင်ပါဘူးကွာ ပထိမ်သူလေးရဲ့အာဘွားအစွမ်းကြောင့် ခွန်းအားတွေပြည့်နေတာ တစ်နှစ်လုံးမအိပ်ဘဲနေနိုင်တယ် "
ညမှောင်ကြီးထဲမှာတောင် ရည်းစားမထားဖူးတာသိသာနေတဲ့ လူပျိုကြီးရဲ့ဂုဏ်ယူနေသော
ပျာရည်လိုအပြုံးတွေကို JungKook မြင်ရသည် ။အခုတစ်လောJungKook ဘဝကအကြွားခံဘဝလေးပါ ။ အကိုဂျီမင်း က အကိုယွန်းဂီနဲ့တွဲနေကြောင်းသူ့ရှေ့တပူးပူးတစ်တွဲတွဲနေပြကာရည်းစားရှိကြောင်း ကြွားသည် ။ အကိုထယ်ယောင်းက အကိုဂျေဟုတ်နဲ့ အိုကေမှာစိုပြေနေကြောင်း အိပ်ချိန်၊စားချိန်၊အိမ်နာထဲဝင်နေချိန်တွေကလွဲလာလာကြွားသည် ။ အခုလဲ အကို NamJoon ကအာဘွားရထားကြောင်းကြွားပြန်တော့ JungKook ဟာအားကျမှုတစ်သိန်းနဲ့မျက်နှာဟာ ပဲစေ့လောက်လေးပဲကျန်တော့ကာအကိုတွေရည်းစားရနေတာမေတ္တာမထားနိုင်ဘဲ စူပုတ်နေလေသည် ။
" NamJoon hyung ကပါချစ်နေပြီပေါ့ဟုတ်လား
တွဲနေကြပြီပေါ့ "" ဟိဟိ အဲ့လိုပဲပြောရမလိုပေါ့ နောက်တစ်ခေါက်ပြန်ရင်အဖြေပေးမှာတဲ့ အာဘွားတောင်ရပြီးပြီဆိုတော့သူလဲငါ့ကိုချစ်လို့နေမှာပေါ့ကွာ ဟီး "
" ဟွန့် အချစ်ကပူလောင်ပါတယ်ဆို ဘယ်သူ့မှ Captain Jeonလိုမနေကြဘူး ဒီကောင်ကရည်းစားမရှိတော့သိပ်ကိုအေးချမ်းနေတာပဲ
သိလား "သူ့ကိုအသိမပေးပဲအကိုတွေက ရည်းစားတွေဖြစ်ကြ ချစ်ကြနေတာကိုJunhKookအခုထိစိတ်ဆိုးနေတုန်း အဲ့လိုပွစိပွစိဂျစ်ကန်ကန်လေးကြောင့်ပဲJeonက အကိုတွေရဲ့တုန်တုန်သဲလေးဖြစ်နေရတာ ။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..