8

894 167 43
                                    

" ဘယ်လောက်ရသလဲ "

ကျွန်ဆွယ်တွင်ကျောက်ဆူးချကာ လုယက်လာသမျှကိုအေးအေးဆေးဆေးသဘော်
ကုန်းပတ်ပေါ် ဝေစုခွဲနေကြသည် ။ကြားထဲတွင်ကပ္ပတိန်လဲပါသည်

" ရွှေ ၂အိတ် ဆွဲကြိုး ၆ကုံး လက်စွပ် ၈ကွင်း ဘယက် ၁တစ်ခုပါ Captain JeonRay ရိက္ခာကဂျုံ၅ အိတ် ဝက်သုံးကောင်နဲ့ ဆိတ်လေးကောင် ရမ် ကတော့ စည်၂၀တည်းရပါတယ်
ဒီကျွန်းမှာလူလဲသိပ်မရှိ ကုန်သွယ်တဲ့အဘိုးကြီးအိမ်ကပဲရတာများတယ် "

သဘော်သား ခေါင်းဆောင် ပြန်အဖြေပေးပြီးခွဲဝေထားတဲ့ ဝေစုတွေကို Jeon RayNar ကိုပြသည်။ ကျွန်းပေါ် တတ်လုတဲ့လူတိုင်းမှာ ဝေစုရသင့်သည် ရွက်လွှင့်သမျှကာလပတ်လုံးဒီလိုကျင်လည်ခဲ့တာပဲ ရတဲ့ရွှေငွေတွေနဲ့ ပင်လယ်ဓားပြ ကျွန်းတွင်သွား
ပြီး အပျော်မိန်းမတွေအရက်တွေနဲ့သူတို့
ပျော်မြူးကြမည်။ ရလာသမျှကုန်သွားရင်ရွက်လွှင့်ပြီး ကျွန်းစုတွေပေါ်သွားလုကြမည်
ဒါကသူတို့ရဲ့ကျင်လည်ရာ အလုပ်ပဲ

ပစ္စည်းများခွဲဝေနေသည်ကို Ryan Jin ပင်လယ်ဝမ်းဗိုက်ထဲကနေလှမ်းကြည့်နေသည်။ တစ်ချို့ပစ္စည်းတွေမှာသွေးစက်တွေလှမ်းမြင်ရသည် ကျွန်းပေါ်မှာလုယက်တိုက်ခိုက်တဲ့အထဲမပါဝင်တော့ Ryan Jin အဖို့ဝေစုကရမည်မဟုတ်
လိုလဲမလိုချင်ပါ ။

" ငါဒီဘယက်ပါယူမယ် "

" Captain! ဒါကိုကျတော်တို့ အတူတူခွဲယူဖို့လုပ်ထားတာလေ "

" ဘာလဲ မင်းကအထွန့်တတ်တာလား ! "

Captain JeonRay ခါးကြားထဲထိုးထားတဲ့သေနတ်ကိုထုတ်ကာ မကျေနပ်ဖြစ်နေသည့် သဘော်သားခေါင်းတည့်တည့်ကိုချိန်ထားသည်။
ခေါင်းအချိန်ခံရတဲ့သဘော်သားမှာ ငုတ်တုပ်လေးထိုင်ရင်းမလှုပ်မရှပ်နဲ့ ချွေးစတွေထွက်လာသည်။ သဘော်ပေါ်က သဘော်သားအကုန်လဲ ကြောက်ရွံ့၍ ဆူညံဆူညံလုပ်နေသည်ကိုရပ်ပြီး ငြိမ်ငြိမ်လေးနေနေကြသည်။

" ငါ ယူရင် မကျေနပ်ဘူးပေါ့! "

" မဟုတ်..မဟုတ်ပါဘူး အသက်ချမ်းသာပေးပါ Captain ချမ်းသာပေးပါ.. ကျတော်မသေချင်သေးပါဘူး Captain လိုချင်ရင်ကျတော့်ဝေစုပါယူပါ မသတ်ပါနဲ့ "

Bad Romance (Completed)Wo Geschichten leben. Entdecke jetzt