34

775 151 27
                                    

[အပိုင်း၃၃ error ပါသွားတာပြန်ပြင်ပြီးပါပြီမဖတ်ရသေးရင်ပြန်ဖတ်လို့ရပါပြီ]

အစောကြီးရေ ချိုးပြီး ဆံပင်ရှည်တွေကိုအထာကျကျဖြီးထားကာ မနက်၄နာရီ
ဆော့ဂျင်တဲရှေ့ခေါက်တုံ့ခေါက်ပြန်နဲ့ Jeon အထဲဝင်ရမလား အပြင်မှာဘဲစောင့်နေရမလားဝေခွဲမရဖြစ်နေသည် ။

တဲရှေ့မှာတရှပ်ရှပ်ခြေသံကြောင့် YoonGi အိပ်နေရာမှနိုးကာတဲ အရှေ့သို့အိပ်ချင်မူးတူးထွက်လာသည် ။

" အား.. JeonJungKook! "

" ဟဲဟဲ YoonGi hyung "

" Jimin ရေမွှေးတွေခိုးစွတ်ထားပြန်ပြီး.. အံ့မယ် မင်းက အကျီတွေဘာတွေနဲ့ "

" ကျတော်ကအကျီမဝတ်လို့ဘာဝတ်ရမှာလဲ hyung ကလည်းအိပ်ချင်မူးတူးနဲ့ပြန်သွားအိပ်တော့သွား သွား "

YoonGi ကိုတဲထဲသို့အတင်းပြန်တွန်းလွှတ်ပေမယ့်
မဝင်သေး Jeon ကိုတရာခံကြည့်ကြည့်ကာ

" မင်း SeokJin ကို အထာလာပေးတာလား ဟမ်
မနက်မိုးမလင်းသေးဘူးလူအိပ်ချိန်ကို
ရေလာမြောင်းပေးလုပ်ရလားကွ.. သိက္ခာလေးနဲ့အထာပေးစမ်းပါ JeonJungKook ရဲ့ "

" ယွန်းဂီဟျောင်းကဘာမှန်းလဲ
မသိဘူးဗျာ "

YoonGi ရဲ့ဆုံးမစကားကြမ်းကြမ်းကြီးကြောင့် အထာလာပေးတာလူမိသွားတဲ့Jeon ဆက်မနေတော့ဘဲရှက်ရမ်းရမ်း၍ ပြန်ပြေးသွားသည် ။

လုံးနေအောင်ပြန်ပြေးသွားတဲ့ Jeon ကိုလှမ်းခေါ်တော့လဲမရတော့တာမို့ YoonGi ခေါင်းတစ်ခါခါနဲ့
သွားသေးသေးလေးတွေပေါ်သည်အထိရယ်ကာ
အထဲပြန်ဝင်အိပ်လေသည် ။

မနက်မိုးစင်စင်လင်းချိန်ကလေးများမှာ ပဲများပြီး
ရေမွှေးနံ့တစ်ထောင်းထောင်းထနေတဲ့ JeonJungKookနားမကပ်ကြဘဲ  SeokJin နားကပ်ကြသည် ။ ထို့ကြောင့် JungKook အဝေးကမျက်စောင်းတစ်ထိုးထိုးနဲ့ကလေးအုပ်စု လှမ်းကြည့်နေရသည် ။

" JungKook ဘာလုပ်နေတာလဲ ။ ရေလာမြောင်းပေးလုပ်ဖို့ငါပြောထားတယ်လေ
SeokJin နားအခုထိမလစ်သေးဘူးလား မင်းလူပျိုကြီးဖြစ်ချင်နေတာလား ဟိတ်ဟျောင် "

ထူးတော့ထူးဆန်းပါတယ် ချစ်သူနှစ်ယောက်လိုက်လဲလိုက်သား အကိုယွန်းဂီကသိက္ခာရှိရှိရေလာမြောင်းပေးလုပ်ခိုင်းတယ် အကိုဂျီမင်းကျတော့အားနေရေလာမြောင်းပေးလုပ်ခိုင်းတယ်
ကြားထဲကလူပျိုလေး ခေါင်းစားနေပြီ ။

Bad Romance (Completed)Where stories live. Discover now