3

1K 189 18
                                    

" အဲ့အဖိုးကြီးတော့သေချင်လို့မဟုတ်တာပြောနေတာ "

" JungKook လူကြီးကို အဲ့လိုမပြောရဘူး "

" အကို Jhope ကောကျိန်စာတွေယုံလို့လား
အဲ့အဖိုးကြီးကယုံတမ်းစကားတွေလျှောက်ပြောနေတာ "

" ကိုယ်တိုင်မြင်ရင်တော့
ယုံရမှာပေါ့ မင်းအဲ့အဖိုးကြီးကိုသဘောမကျသလိုငါလည်းမကျပါဘူး သူက ငါ့ရမ်တစ်စည်ယူတယ် "

ကျောက်ချထားတဲ့ သဘော်ပေါ် အဖွဲ့သားတွေအိပ်နေကြပြီသို့ပေမယ် ကုန်ပတ်ပေါ် Jhope နဲ့ JungKook ကမူမအိပ်နိုင်ဘဲဖြစ်နေ၏။

Jhope က အရက်တစ်စည်ပေးရလို့ကြေကွဲပြီးမအိပ်နိုင်ဖြစ်နေပေမယ့် JungKook ကတော့ ဒေါသထွက်နေတာပါ အရည်မရအဖက်မရ အဖိုးအိုစကားကြောင့်
NamJoon နဲ့ YoonGi မှာတော်ဝင်ဆိပ်ကမ်းကိုမသွားဖို့ဆုံးဖြတ်လိုက်ကြသည်။

" JungKook မင်းကို ဘာလို့ငါတို့က ကျွန်းတွေပေါ်ဝင်မစီးခိုင်းလဲသိလား "

" ပြသာနာရှာလာမှာစိုးလို့လား "

" မဟုတ်ဘူး မင်းကဒေါသမထိန်းနိုင်ဘူး ငါတို့က လူတွေကိုအသတ်မဆုံးရှုံးဘဲ ပစ္စည်း လုချင်တာ ငါတို့လည်းလူမသတ်သလို မင်းလက်တွေကိုလဲ သွေးမစွန်းစေချင်လို့ JungKook မင်းဒေါသတွေထိန်းချုပ်
သင့်တယ် "

" ကျတော် ထိန်းချုပ်နိုင်ပါတယ် "

" ခွေးလေးတစ်ကောင် အဆက်မပြတ်ဟောင်တာတောင် သတ်မယ်တကဲကဲလုပ်မယ့်သူကဒေါသတွေထိန်းနိုင်သူပေါ့ "

" အကို Jhope ကျတော် ထိန်းချုပ်သင့်သလောက်ထိန်းချုပ်တတ်ပါတယ် အရေးမပါတဲ့စကားတွေကြောင့်တော့ ကျတော့်ရည်ရွယ်ချက် မပျက်ချင်ဘူး နောက်ပြီး ဘိုးဘေးတွေကို သတ်ခဲ့တဲ့ လူတွေရဲ့ဆွေမျိုးတွေကိုသွေးကြွေးပြန်ဆပ်ခိုင်းမယ် အကိုNamJoon ကသိပ်စိတ်ပူလွန်နေတာ! "

Jhope တုန်တတ်သွားသည် JungKook ကညမှောင်ထဲမှာ ပင်လယ်ရှင်တစ်ပါးလိုစိတ်အားထက်သန်ခြင်းနဲ့ မျက်ဝန်းတွေရွှန်းရွှန်းစားစားဖြစ်နေသည်။ သူ JungKook ရဲ့ဒေါသတွေကိုခံစားမိသည် သူတိုသိသည်အရင်ထဲက JungKook ကဒေါသအလွန်ကြီးတဲ့ကလေး ။

" စိတ်လျော့ JungKook NamJoon ကမင်းအတွက် အတော်စဉ်းစားပေးတဲ့သူ "

" တော်ပါတော့ဗျာ "

Bad Romance (Completed)Hikayelerin yaşadığı yer. Şimdi keşfedin