လုံးထွေးသတ်ပုတ် ပြီးမေ့မျောသွားတဲ့ခဏအတွင်းနိုးလာတော့ ဝါးတန်းတွင်ဇောက်ထိုး
ချည်ခံထားရသည် ။ ပြီးတော့ လူရိုင်းတွေရဲ့မေ့ဆေးလက်နက်နဲ့အပစ်ခံရပြီး နှစ်ယောက်သားလူရိုင်းရွာကိုပါသွားပြန်တယ်မွန်းတည့်ချိန် အပူရှိန်ပြင်းပြင်းကြောင့်
Jeon သတိရလာကာ ကြောင်စီနေ၏ ။သူ့ကိုယ်သူသေသွားပြီလို့ထင်နေသည် ။ မယုံမကြည်နိုင် တမာန်လွန်များရောက်နေသလား..
SeokJin ရောတမာန်လွန်ပါလာရဲ့လားဟု အသည်းအသန်ဘေးဘီဝဲယာပြူးပြဲကြည့်တော့ မိုက်ခနဲဖြစ်ကာ မျက်လုံးကိုပြန်မှိတ်ထားရသည် ။ခေါင်းကို လက်နဲ့ဖိလိုက်ချင်ပေမယ့် ရုန်းမရ
တိုင်မှာမတ်တပ်ရပ်ကြိုးနဲ့တုပ်ခံထားရသည်။
ဒါဆိုမသေသေးဘူး.. အဖမ်းခံထားရတုန်းဆိုတာနားလည်သဘောပေါက်ပြီးမျက်လုံးကိုဖြေးညင်းစွာဖွင့်ကာ SeokJin ကိုရှာမိသည်SeokJin က သူနဲ့ ၆ပေအကွာမှာ သူ့နည်းတူ
တိုင်မှာမတ်တပ်ရပ်ကြိုးတုပ်ခံထားရပြီး
မေ့မျောနေသည်" SeokJin! SeokJin! "
လည်ချောင်းထဲက ရှတတနှင့် စူးတတ်လာသော်လည်း SeokJin ကိုအော်ဟစ်ခေါ်နေသည် ။ လေးခါငါးခါလောက် အမောဖောက်မတတ်အော်ခေါ်ပြီးမှ SeokJin မျက်လုံးပွင့်လာသည်
အလန့်တကြားတောင်ကြည့်မြောက်ကြည့်နဲ့
Jeon ကိုလိုက်ရှာသည်။" ကျတော်ဒီမှာ SeokJin! "
" ဘယ်ရောက်နေတာလဲ ငါတို့သေသွားပြီလား! "
" မသေသေးဘူး လူရိုင်းရွာရောက်နေတာ! "
" လည်းပင်းတွေနာတယ်ငါ ရေဆာလာပြီ! "
" အတူတူပဲ..SeokJin ကျတော်တို့
BBQ ဖြစ်တော့မှာ လူရိုင်းတွေက ကျတော်တို့ကိုယစ်ပူဇော်ပြီး ကင်စားတော့မှာ! "ဆံပင်တွေဖွာလန်ကြဲကာအော်ဟစ်ပြောနေတဲ့ Jeon ကိုပြူးတူးကြောင်တောင်ကြည့်ပြီးမှ
SeokJin ပတ်ချာလည်ကို အကဲခတ်မိသည် ။တဲအိမ်သေးသေးလေးများ ဟိုတစ်စုဒီတစ်စုဝိုင်းထားတဲ့ ကွင်းပြင်ကြီးမှာ နှစ်ယောက်သားကြိုးတုပ်ခံထားရသည် ။ ကွင်းပတ်ပတ်လည်မှာလဲ သစ်သားအရုပ်အကြီးကြီးများနှင့်
မကြာခင် မီးဖိုကြီးလုပ်ပြီးသူတို့ကို
စားတော့မှာ အခုတော့အနားနားတွင်လူရိုင်းတစ်ကောင်မှမတွေ့ ။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..