16

897 184 205
                                    

Soobinရဲ့ သဘော်ကြီးကျန်ခဲ့တာကိုတစ်မျှော်တခေါ်ငေးနေတဲ့SeokJin ကို
JeonJungKook တစ်စက်မှကြည့်မရ ။
မျက်လုံးလေးစွေပြီးမုဒိတာမပွားနိုင်
ဖြစ်နေသေးသည်။
ပြောတော့ရိုးတယ်တဲ့ အခု...

" အရမ်းပင်ပန်းလာလို့အိပ်တော့မယ် "

" ပင်ပန်းတယ် .. ဘာတွေဖြစ်ခဲ့လို့
ပင်းပန်းလာတာလဲ "

ပဲ့ထိန်းနေရင်း Jeon မျက်လုံးတွေကစုန်ချီဆန်ချီနဲ့ SeokJinတစ်ကိုယ်လုံး ကို သက်ာမကင်းကြည့်သည်။
SeokJin ချက်ခနဲ Jeon အကြည့်တွေကိုနားလည်သဘောပေါက်၍ စိတ်တိုမိသော်လည်း သူရန်မဖြစ်ချင်သေးပါ ။ပြေးရလွှားရသောကရောက်ရနဲ့ခန္ဓာကိုယ်ကနွမ်းနယ်နေပြီ

" ပြေးရလွှားရဖြစ်နေရတာ ပင်ပန်းလို့မရဘူးလား JeonJungKook "

" အံ့မယ် လေသံကိုက..မာလှချည်လား
KimSeokJin! ဒီမှာနော်
ခင်ဗျားသာယောက်ျားငယ်ငယ်လေးနောက်ကောက်ကောက်ပါအောင်လိုက်မသွားရင်
Captain Jeonတို့က လေကုန်ခံပြီးမမေးဘူး
ကိုယ့်အထာနဲ့ကိုနေတဲ့ကောင်ဗျ "

မျက်နှာမှာ ရွှံ့ပေဗွက်ပေနဲ့
မျက်ရည်ကြောင်းတွေကအထင်းသားရှိတဲ့
Captain Jeon ကကြောင်ချေးရုပ် ။
ပဲ့ကိုသေချာမထိန်းပြူးပြူးပြဲပြဲနဲ့
အိုးမလုံအုံပွင့်ဖြစ်နေသေး သည်။

" မင်းဘာလို့အဲ့ကိစ္စကိုအက်ကြောင်းထပ်အောင်ပြောနေရတာလဲ သိပ်စိတ်ဝင်စား
နေလား "

" ဘာ!..ဘာလို ဘယ်သူက
စိတ်ဝင်စားနေလို့လဲ အံ့သြပခင်ဗျား ဒီလူကိုသိပ် စွပ်စွပ်စွဲစွဲနိုင်တာပဲနော် KimSeokJin "

ထော်နေတဲ့နှုတ်ခမ်းက SeokJin မျက်နှာကိုထိုးမိမတတ် ။ Captain Jeon ကဒီလိုလဲကတ်ကတ်လန်အောင်ရန်တွေ့တတ်တာလား
နှုတ်ခမ်းကတထော်ထော် ကလေးစိတ်နဲ့
အရူးလေး ။

" မင်းပြောတာမှန်ပါတယ် ငါယောက်ျားငယ်ငယ်လေးနဲ့အိပ်ခဲ့တယ်လေ "

SeokJin လက်ရမ်းကိုသေချာမှီ၍ ဖြေလိုက်သည်။ JungKook ခဗျာ စွေ့စွေ့ခုန့်မတတ်
ဖြစ်ရင်း ဒဏ်ရာများစွာနှင့် SeokJin ကိုရိုက်ချင်စိတ်မနည်းထိန်းရသည်

" ခင်ဗျားပြောတော့ ရိုးပါတယ်ဆို
KimSeokJin ခင်ဗျားဗြောင်လိမ်တဲ့လူ
မကောင်းတဲ့လူ! "

Bad Romance (Completed)Onde histórias criam vida. Descubra agora