38

897 139 39
                                    

မင်းချစ်တာ ဝန်ခံလိုက်တာနဲ့ ငါတို့
ဝေးရပါစေ Jeon ဒါငါ့ရဲ့
နောက်ဆုံးဆုတောင်း ။

☠☠

" တံခါးဖွင့်ဖို့အမိန့်ပေးနေတယ်! ! "

အိမ်ရှေ့စံရဲ့အမိန့်ထက် ဘုရင့်ရဲ့အမိန့်ကပိုပြင်းသည် ရဲမက်များမှာဖွင့်ပေးချင်တဲ့စိတ်ရှိသော်လည်း ဘုရင့်အမိန့်ကြောင့် တံခါးကိုရောင်၍တောင်မဖွင့်ပေးရဲပါ ။

တစ်ညလုံး အစောင့်တွေလူပြောင်းကာSeokJin ကိုစောင့်ကြပ်နေသော်လည်း SeokJin ကတော့
အခန်းထဲကထွက်ရဖို့အရေးသာ ကြိုးပမ်းနေသည်။

နံရံတွေကို အခန်းထဲရှိတဲ့ပစ္စည်းတွေနဲ့ဖြိုသည်
ပြတင်းပေါက်တွင်ကာရံထားတဲ့ သံတိုင်တွေကို
ဓားရှည်နဲ့လှီးဖြတ်ကြည့်တယ်အချည်းနှီးပါ ။ ကောင်းကင်သည်တဖြည်းဖြည်းလင်းလာ၍မကြာခင်နေထွက်တော့မည်။

SeokJin သည်ခြေကုန်လက်ပန်းကျနေလဲမနားဘဲ အပြင်ထွက်ဖို့အရေးသာကြိုးပမ်းနေသည် ။ သူ့ကြိုးပမ်းမှုသည်အရာမယွင်းသော်လည်း ကံကြမ္မာ ကSeokJinဘက်မှာရှိနေခဲ့သည်။

အခန်း တံခါးသည်ရုတ်တရက်ပွင့်လာခဲ့သည်
တစ်ညလုံးမအိပ်စက်ထားတဲ့မျက်လုံးတွေကနည်းနည်းတော့အားနည်းနေသည် ။

" ဆိုဖီယာ! "

အိပ်ရာဝင်ဂါဝန်ရှည်အပြာနုရောင်နဲ့ ဆံပင်ရှည်တွေဖြန့်ချထားပြီး လရောင်လိုဖျော့တော့စွာပြုံးပြနေသောသူမ ။ အားနာရပါတယ်ထိုမိန်းမလှလေးကို SeokJin သိပ်အားနာမိတယ်။

" အရှင် "

တံခါးကိုပြန်ပိတ်ပြီး SeokJin စီ အိန္ဒြာရစွာလျှောက်လာပေမယ့်ဆိုဖီယာ့မျက်ဝန်းတွေကစိုစွတ်နေသည်။

ဆော့ဂျင်သူမကို တောင်းပန်သောမျက်ဝန်းများနဲ့ကြည့်နေပြီး JungKook ကိုချစ်နေကြောင်းဝန်ခံဖို့တွေး လိုက်သည် ဆိုဖီယာသည်ဆော့ဂျင်ပြောမှာ ကြိုသိနေသလို

" မတောင်းပန်ပါနဲ့အရှင် ။ အရှင်ကျမကိုမချစ်တော့တာသိပါတယ် ဒါအရှင့်အမှားမှမဟုတ်တာ
အရှင်တခြားတစ်ယောက်ကိုချစ်မိလို့ရပါတယ် "

" ကိုယ် တောင်းပန်ပါတယ် ဆိုဖီယာ
ကိုယ် JungKook ကိုချစ်မိသွားတယ် "

Bad Romance (Completed)Where stories live. Discover now