7

1K 186 104
                                    

လေပြေလေးကြောင့်ရွက်ကိုလွှင့်ပြီး ပဲ့ထိန်းကိုထိန်းထားရုံပဲ ။ ဒါကြောင့်
Captain JeonJungKookအရမ်းအားနေသည် ။အားနေရင် ပြသာနာမီးခွက်ထွန်းရှာတတ်သည့် Captain Jeon စိတ်ထားလေးက ညနေနေဝင်ဆည်ဆာအလှကိုမှမထောက် Captain ဂယက်ထလိုက်သည်ကြောင့်ငါးယောက်လုံးအလုပ်တွေပစ်ချပြီး ပဲ့ထိန်းနေရာတတ်လာရသည်။

" ရူးနေသလား Jeon JungKook မင်းကို
မင်းသားက တတ်စော်ကားနေလို့လားဟမ်..ဘာလို အညှာတာမဲ့နေတာလဲ "

အရင်ဉီးဆုံး ဘီလူးဆိုင်းတီးပြောနေတာက Jhope ။ JungKook ကို တကယ်ဆော် ချင်နေတာ ကြာပြီ မို့ ပခုံးကိုတဖြန်းဖြန်းရိုက်ပြီးပြောသည်

" အဲ့လူကို မင်းသားလို့ခေါ်မနေနဲ့ သူ့အဆင့်က သုံ့ပန်းပဲ ဒါကို
သူ့အဆင့်ကိုနားမလည်ဘဲ
ကျတော့်ကို ဓားနဲ့လာထိုးတာလေ အရမ်း သတ္တိကောင်းနေလို့ ကုသိုလ်ဖြစ်ငါမန်းစာကျွေးပစ်မယ် "

JungKook ပဲ့ထိန်းနေရာကနေလက်သီးတင်းတင်းဆုပ်ကာတစ်ခုခုကြံနေတဲ့ SeokJin ငုံ့ကြည့်ပြီး မဲ့ပြုံးပြုံး၍ပြော
လိုက်သည်။

ကျေနပ်သူလို မဲ့ပြုံးပြုံးနေတုန်း ဇက်ခနဲ ဆံပင်ဆောင့်ဆွဲခံလိုက်ရသည် ။ တခြားသူတော့မဟုတ်ဘူး YoonGi hyung ရဲ့အသေးလေးမို့ငြိမ်ခံလိုက်ရသည်

" Jimin Hyung မှီရာလိုက်မဆွဲနေနဲ့
ရှိုးပျက်တယ် "

" အပိုတွေပြောမနေနဲ့ မင်းဓားထိုးခံရတာ
သူများကိုမခံချင်အောင်အားရပါးရပျော်ပျော်ပါးပါးပြောနေလို့ အန္တရာယ်ကိုမမြင်တာလေ ကိုယ့်အပြစ်နဲ့ကိုယ်ပဲ မင်းလဲ မင်းသားSeokJinကိုတွန်းလိုက်တာသူလဲခေါင်းပေါက်သွားတာပဲ ကြေပြီလေ ဘာရန်ပွဲတွေထက်နွှဲချင်နေသေးလို့လဲ JeonJungKook "

Taehyung - "ဟုတ်တယ် အမုန်းတွေမပွားနဲ့
SeokJin ကသူ့တိုင်းပြည်မှာအေးအေးဆေးဆေးနေတာ မင်းကဆွဲခေါ်လာပြီး နှိပ်စက်နေတာ မင်းအလွန်တွေအများကြီး ထပ်ပြီးသူ့အပေါ် အညှာတာမဲ့လုပ်ချင်ရာမလုပ်ပါနဲ့ "

Jimin နဲ့ TaeHyung စည်းချက်ညီညီဆုံးမစကားကို JungKook ဂရုစိုက်ချင်ယောင်ဆောင်၍ စီးကရက်ကိုမီးခြစ်ဆံနဲ့မီးညှိကာဖွာနေသည်။

Bad Romance (Completed)Where stories live. Discover now