" မင်းဘယ်သူလဲ "
အဖြူရောင် ဖျင်ကြမ်းနှင့်အမျိုးသား သည် တကိုယ်လုံး ရေစိုကာရွှဲနစ်နေသည်။ သူ့ပုံကကြည့်လို့မကောင်း ရုပ်ဆိုးအကျည်းတန်နေလို့မဟုတ်ပါဘူး အဝတ်ပါးပါးတွေကရေစိုနေတော့ အတွင်းသားတွေကိုမြင်နေရသည် ဒါကလူကြမ်းတွေအဖို့ နှလုံးမခိုင်စဖွယ်
" Ryan Jinပါ.. "
သူက ကိုယ့်ကိုယ်ကျုံ့ကျုံ့လေးနေကာလက်ပိုက်ထားသည်။ သူကချမ်းတယ်ဆိုတော့ သဘော်သားများက သူတို့အပေါ်ထပ်ကိုချွတ်ကာ ခြုံပေးကြမည်မထင်လိုက်ပါနဲ့ သူတို့စီမှာနူးညံ့မှုတစ်စိုးတစိမှမရှိကြပါ။
ဒါကို Captain က တစ်မျိုးတစ်မည်ခံစားကာ ထိုအမျိုးသားကိုစေ့စေ့မကြည့်ပဲ ပင်လယ်ပြင်ကြီးသာကြည့်ရင်းမသိချင်ယောင်ဆောင်နေသည်။" မင်းဘယ်ကလာတာလဲ "
" အဟွတ်.. နေရပ်က လန်ဒန်ကပါ အရှေ့
အိန္ဒိယကိုကုန်သွယ်သွားတဲ့ ကုန်သည်ပါ
ဒါပေမယ့်ကုန်သဘော်ကပင်လယ်ဓားပြတွေနဲ့တိုးတော့အလုခံလိုက်ရတယ် သဘော်ပေါ်ကလူတွေလည်း ဘာဖြစ်လဲ မသိဘူး ငါက သဘော်ပေါ်ကခုန်ချပြီး နှစ်ရက်လောက်ရေကူးလာတာအခု မင်းတို့နဲ့တွေ့တာပဲ ငါ..ငါ့ကို လန်ဒန်ပြန်ပို့ပေးပါ "Ryan ရဲ့စကားဆုံးတော့ သဘော်သားများမှာတဟားဟားအော်ဟစ်ရယ်ကြသည်။ ထိုယောက်ျားသည် ဒါပင်လယ်ဓားပြသဘော်ဆိုတာ မသိသည်လော
" Captain ဒီကောင်အတော်တုံးတာပဲ
မှိုတတ်နေတဲ့ထောပတ်ကိုစားပြီးကြီးလာတဲ့
ကျတော်တို့တောင်သူ့လောက်မတုံးဘူး
ဟားဟား "ပြဲစုတ်နေတဲ့အကျီများနဲ့သဘော်သားများသည်ပျက်ရယ်ပြုကာ လှောင်ပြောင်နေသည်။ Ryan Jin ကတော့ အရှေ့က Captain Jeon RayNar ကိုသာမော့ကြည့်ရင်းအချမ်းဒဏ်ကိုခုခံနေသည်။
" တော်ကြစမ်း! ဒီမှာ Ryan Jin ငါတို့ကပင်လယ်ဓားပြတွေ မင်းကိုလိုက်ပို့မယ်လို့
လုံးဝထင်မနေနဲ့ နောက်ပြီးငါတို့မင်းကုန်သည်ဆိုတာကိုမယုံဘူး "ပင်လယ်ဓားပြဆိုသည့် စကားကိုကြားရတော့ Ryan Jin တစ်ယောက် ကတုန်ကယင်ဖြစ်ကာ မျက်ဝန်းအိမ်များမငြိမ်မသက်ဖြစ်နေသည်ကို Captain RayNar တွေ့သည်
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..