မနက်ပိုင်းကSeokJinကိုပြသာနာရှာမိသွားလို့ ကိုယ့်ကိုကိုယ်မကျေနပ်စိတ်နဲ့Jeonအိပ်မပျော်တဲ့အတူတူ YeonJunကို သွားအိပ်ခိုင်း၍ကိုယ်တိုင်
ပဲ့ထိန်းနေသည် ။တစ်ညနေခင်းလုံး အိမ်ရှေ့စံလေးလှုပ်ရှားနေတာကိုသာလိုက်ကြည့်နေခဲ့သည်။ တောင်းပန်ဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့်လည်ချောင်းထဲမှာပဲပျောက်သွားသည် ။ အကိုတွေကိုလွမ်းတယ် အခုလိုတွန့်ဆုတ်နေတာမျိုးတွေ့ရင်သေချာပေါက်သူ့အကိုတွေက ပြောထွက်အောင်လုပ်ပေးနိုင်မှာ
ကိုယ့်ဟာကိုဆို အိမ်ရှေ့စံကိုတောင်းပန်ဖို့ဘာစကားမှထွက်လာမှာမဟုတ်ဘူး ။ကောင်းကင်တွင်လရှိသော်လည်း လမိုက်ညကိုဖြတ်သန်းနေရသလိုဘဲ ပျော်ဖို့လဲမကောင်းတော့ဘူး ။
ကုန်းပတ်ပေါ်တတ်လာသည့်ခြေသံကြားသည်ကြောင့် JungKook လှမ်းကြည့်လိုက်သည် ။ SeokJin ဖြစ်နေတာကြောင့် မျက်နှာပူသွားသည် SeokJin ကသူရှိနေတာမသိသည့်ပုံပဲ ကုန်းပတ်ပေါ်ကနေတစ်ဆင့်လေညှင်းခံနေသည် ။
ကျောပေးပြီးရပ်နေသည့် SeokJin ကို Jeon
တစိမ့်စိမ့်ကြည့်နေသည် ။SeokJin က တော်ဝင်ဆိပ်ကမ်းက ဖမ်းခေါ်လာခဲ့စဉ်ကထက်ဆံပင်အနည်းငယ်ရှည်လာသည်။အခု အဲ့ဆံပင်တွေ လေမှာလွင့်နေသည် ။ တစ်ဖျတ်ဖျတ်လွင့်နေတဲ့အကျီစတွေကြောင့် ပခုံးကျယ်တွေက အတိုင်းသား ။အဲ့ပခုံးတွေပေါ် SeokJinနဲ့လက်ထပ်မည့်မင်းသမီးမျက်နှာအပ်ဖူးပြီးပြီလား သူသာ ဖမ်းမခေါ်လာခဲ့ရင် လွင့်နေတဲ့ဆော့ဂျင်ဆံပင်တွေနမ်းရှိုက်ခံရပြီးညတွေဆို ဆော့ဂျင်အဲ့မိန်းမကိုပွေ့ဖက်နမ်းရှုံ့နေမှာလား
မရဘူး.. မရဘူး အဲ့လိုလုပ်လို့မရဘူး ။JungKook မြင်ယောင်လာသည် ။မျက်လုံးထဲတွင် ဆော့ဂျင် မင်းသမီးဆိုဖီယာကိုပွေ့ဖက်နမ်းရှုံ့နေသည့်မြင်ကွင်းတွေကွက်ကွက်ကွင်းကွင်းမြင်ယောင်လာသည် ။
သည်းမခံနိုင်တဲ့အဆုံးခေါင်းကိုခါ၍ဆဲရေးမိတော့သည်။
" ဘောပဲကွာ! "
JEonအသံကိုSeokJin ကြားသွားသည်။ ကျောပေးထားရမှအနောက်သို့ခေါင်းလှည့်ကြည့်လိုက်တော့ JEonနဲ့အကြည့်ချင်းဆုံသွားသည် ။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..