" အိမ်ရှေ့စံ! "
" အကုန်ထွက်သွား ! "
" ဒါပေမယ့်အိမ်ရှေ့စံ အရှင်က... "
အိမ်ရှေ့စံရဲ့အကြည့်စူးစူးကြောင့် Jeon
အကျဉ်းခန်းအစောင့်များ
ဆက်၍မပြောတော့ဘဲ Jeonအကျဉ်းတံခါးကို
ဖွင့်ပြီးအိမ်ရှေ့စံကိုအရိုအသေပေးကာထွက်သွားကြသည် ။Jeon ကပင်လယ်ဆိပ်ကမ်းတိုင်းကလိုချင်နေသော လူမို့သီးသန့်အကျဉ်းထောင်ထဲထည့်ထားကာ အစောင့်အထပ်ထပ်ချထားသည်။SeokJin အကျဉ်းခန်းထဲဝင်လာတာနဲ့ Jeon ထောင့်လေးမှာထိုင်နေရာမှ မော့ကြည့်ပြီး မှေးမှိန်စွာပြုံး၍ မတ်တပ်ရပ်သည် ။
နှစ်ယောက်သားဘာစကားမှမပြောမိကြဘဲ တမ်းတနေသောအချိန်များဖြတ်ကျော်လာခဲ့ကြသူများပီသစွာတစ်ယောက်မျက်နှာတစ်ယောက်အတော်ကြာအောင်ကြည့်နေကြသည် ။
SeokJin တစ်ဖြည်းဖြည်း မျက်ရည်တွေဝဲလာပြီး Jeon ရင်ဘတ်ကိုရိုက်နေသည် ။ ဘာစကားမှတော့မပြောမိသေးပါ အားပါပါရိုက်ချက်တွေကနေတဖြည်းဖြည်းအားပျော့တဲ့ရိုက်ချက်တွေဖြစ်
လာတော့ SeokJin ကို Jeon သိမ်းကျုံးဖက်ပစ်လိုက်သည်။" အိမ်ရှေ့စံလေးရဲ့ အဝတ်တွေ သွေးစွန်းနေတဲ့
ကျတော့်ကြောင့် ညစ်ပေကုန်ပြီ "Captain Jeon ကရယ်သံသဲ့သဲ့နဲ့ပြောတယ် ။ အိမ်ရှေ့စံလေးကသူ့ကို Captain Jeon မဖက်တော့မှာစိုး၍ သူကိုယ်တိုင်တင်းနေအောင်ပြန်ဖက်လိုက်သည်။
" ငါမင်းကိုမုန်းတယ် "
ကျတော့်အသံဟာထင်သလောက်အားမပါပါဘူး
ဆုံတွေခဲ့တဲ့တစ်လျှောက် သူ့ကိုမုန်းတယ်လို့ပြောခဲ့သမျှဒီတစ်ခါအားအပျော့ဆုံးပါပဲ ။ ကျတော်သူ့ကိုမုန်းပါတယ် ကျတော့်ကိုရောကျတော့်နှလုံးသားကိုရောနှိပ်စက်လွန်းလို့မုန်းတယ် ။ မုန်းပေမယ့်အချစ်ဓာတ်တွေကပိုများပါတယ် ။" ကျတော်သိပါတယ် "
Jeon ကအဆုံးထိချစ်နေသမျှကိုထုတ်
မပြောနိုင်သေးလို့ အားနာစွာနဲ့ဆော့ဂျင်ကိုဖက်ထားရမှာလွှတ်ပေးလိုက်သည်။" မင်းကိုသတ်ကြတော့မှာ ဘာလို့လာရတာလဲကွာ JungKook ရာ "
" ရှင်နေရက်နဲ့ဝေးမယ့်အတူတူ ဘဝခြားသွားတာပိုကောင်းတယ်ဆော့ဂျင် ။ ခင်ဗျားကိုတွေ့ထိခွင့်မရတဲ့ ကမ္ဘာမှာကျတော်အသက်မရှင်နိုင်ဘူး နောင်ဘဝတွေအတွက်မသေချာလို့
နောက်ဆုံးအကြိမ်လေး အဆင်ပြေနေမယ့်
ခင်ဗျားမျက်နှာလေးမြင်ပြီးမှ ထွက်သွား
ချင်မိလို့ပါဗျာ "
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..