11

853 190 122
                                    

တွေဝေနေရသည်။

မျက်လုံးများမှိတ်ထားတော့ JungKook ကအတ္တကင်းစင်နေသည် ။ သိပ်ကိုချောမောတဲ့
ယောက်ျား အန္တရာယ်များစွာအိပ်စက်နေသည်ကို ငေးချင်သလို ငေး နေမိတယ် ချောမောခန့်ညားတဲ့အလှဓာတ်လေးနဲ့ Captain Jeon က တကယ့်အရူးအမူး
ဖြစ်ချင်စရာ..ဒါပေမယ့်သေရမယ်

သတ်ပစ်ရမယ်.. သူမသတ်ရင်သေရမယ့်လူကသူဖြစ်လိမ့်မယ်
ရှေ့ဆက်ရမယ့် ခရီးလမ်းတွေအများကြီးမို့
JungKook ကို သေအောင်သတ်ပစ်ရမယ်
သူ့အပေါ် JungKook လုပ်ခဲ့သမျှအရာအားလုံးက မုန်းချင်စရာကြည့်ပဲ
SeokJin မုန်းကိုမုန်းနေတာ ။

နောင်တကင်းကင်း မျက်လုံးစုံမှိတ်၍ ဓားကို ဝဲဘက်ရင်အုံစီ တဟုန်ထိုး ထိုးစိုက်ပစ်လိုက်တယ် ။ဓားသွားစိုက်ဝင်သွားသည်ကိုခံစားရတော့SeokJin ဝမ်းသာတကြီးမျက်လုံးဖွင့်ကြည့်လိုက်သည် အတော်​လေးတုန်ယင်မိပါတယ် သူ့လက်ချက်နှင့်
ရင်ဘတ်တွင်ဓားတန်းလန်းနဲ့
Captain Jeon .. မျက်ဝန်းတွေပွင့်နေပြီး သူ့
စားတော့ဝါးတော့မည့် သားရဲတကောင်လိုစိုက်ကြည့်နေသည်

" ခင်ဗျား ကျတော့်ကို အဲ့လောက်
မုန်းနေလား! "

ဒါဘာစကားမျိုးလဲ ။
JEon အသံကတစ်စက်မှမပျော့ ဓားအထိုးခံထားရတာတောင် သူ့မှာဒေါသတကြီးနဲ့

" ဘာစောက်စကားလဲ! ငါမင်းကိုစောက်ရမ်းမုန်းလို့ထိုးသတ်လိုက်တာလေ JeonJungKookရဲ့ မကြာခင်မင်းသေတော့မယ် အဲ့အချိန်ကျရင် မင်းဝိဉာဉ်ကိုငါဖမ်းချုပ်ထားမှာလုံးဝမလွတ်မြောက်အောင်ဖမ်းချုပ်ထား..မင်း! "

တစ်ပတ်လှိမ့်ကာ SeokJin အောက်အပို့ခံလိုက်ရသည် ။ Captain Jeon သူ့ရင်ဘတ်မှာထိုးစိုက်နေတဲ့ဓားကိုဆွဲနှုတ်ပြီး ခပ်ဝေးဝေးလွှင့်ပစ်လိုက်သည်။
ရင်ဘတ်ကသွေးတွေစီးကျလာပုံက
မြင်မကောင်း ကြက်သီးထစရာ ။
ဂရုစိုက်ပုံလဲမပေါ် JungKook က
သူ့ဒေါသတွေကိုသာ ရှေ့တန်းတင်သည်။

" ခင်ဗျာလုပ်တဲ့ စောက်ရေးမပါတဲ့အလုပ်က ကိုယ့်သေတွင်းကိုတူးလိုက်တာပဲ
KimSeokJin ခင်ဗျားကကိုယ့်အခြေအနေကိုနားမလည်ပဲ Captain Jeon ကိုသတ်ချင်နေတယ်ခင်ဗျားက သေမင်းကိုလက်ယက်ခေါ်လိုက်တာပဲ! "

Bad Romance (Completed)Where stories live. Discover now