" ကျွန်းကဘယ်လိုပြန်ထွက်မလဲ "
" တစ်ယောက်ယောက်ကိုအကူညီတောင်းရင်ရော အိမ်ရှေ့စံ "
" ပင်လယ်ဓားပြတွေကြည့်ပဲကို ဘယ်သူကမင်းကိုကူညီမှာလဲ မင်းသာပင်လယ်ဓားပြမဟုတ်တာသိရင် အန္တရာယ်ပေးကြ
လိမ့်မယ် "" ဒါဖြင့်ကျတော်တို့ဘယ်လိုထွက်မှာလဲလို့ "
" မနက်ကျရင် ဒီကပင်လယ်ဓားပြသဘော်တစ်စီးထွက်ရင် အဲ့နောက်က လိုက်သွားကြရင်ရော"
Soobin က အဖြေကိုခေါင်းတစ်ငြိမ့်ငြိမ့်ထောက်ခံပေမယ့်ငိုမဲ့မဲ့ဖြစ်နေသည်။ သူ့ရဲ့အညိုရောင်ကိုယ်ထည်နဲ့သဘော်ကုန်းပတ်အပေါ်ဟိုလျှောက်ဒီလျှောက်နဲ့ပြာနေသည်။ ပင်လယ်ဓားပြအယောင်ဆောင် Captain Soobin က သူ့ရဲ့ရွက်တွေကို အမဲရောင်အရိုးခေါင်းပါသည့်ရွက်တွေတပ်ထားပြီးတကယ့်ပင်လယ်ဓားပြသဘော်ဟုအားလုံးမြင်အောင်ဂျင်းပတ်ထည့်ခဲ့ပုံရသည်။
ထိန်းပေါ်တတ်သည့်လှေကားနေရာမှာထိုင်နေသည့်SeokJin ပြာယာခတ်နေသောပင်လယ်ဓားပြအတုလေး
ကိုကြည့်၍မူးနောက်လာသည်။" ငြိမ်ငြိမ်ထိုင်စမ်းပါ ဘာလို့ပြာယာ
ခတ်နေတာလဲ "" ကြောက်လို့..ကြောက်လို့ပါအိမ်ရှေ့စံရယ် "
Soobin သူ့လက်လေးနှစ်ဖက်ကိုပွတ်သပ်ပြီးမျက်စိသူငယ်နားသူငယ်လေးနဲ့ လာကြည့်သည် ။ပြူးတူကြောင်တောင်ရုပ်လေးကို SeokJin ရယ်ချင်သော်လည်းအတည်ပေါက်ကြီးကြောက်နေတဲ့ပုံနဲ့ Soobin ကြောင့်
မရယ်ဖြစ် ။" အမှောင်ကြောက်လို့လား ညနေစောင်းပဲရှိပါသေးတယ် "
" ဟို..ဟို အိမ်ရှေ့စံဒီကျွန်းကအမြန်မထွက်ရင် အိမ်ရှေ့စံSeokJin ထပ်အဖမ်းခံရမှာ
ကြောက်လို့..ကြောက်လို့ပါ "" ဟင့်အင်း..ဟင့်အင်း ငါ့ကိုထပ်ဖမ်းမယ့်သူမရှိတော့ဘူး သူငါ့ကိုရောင်းစားပြီးထွက်သွားပြီးသူကလွဲငါ့ကိုဘယ်သူ့မှထပ်ဖမ်းမှာမဟုတ်ဘူးအခုလဲသူကပြန်လာဖမ်းတော့မှာမဟုတ်ဘူး.. အဲ့အတွက်စိတ်မပူပါနဲ့ "
Soobin ကသေချာအောင် သူ့သဘော်ပေါ်ကနေဟိုကြည့်ဒီကြည့်အချိန်ကြာကြီးကြည့်နေသည်။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..