23

773 167 80
                                    

" အင်း! "
တစ်ကိုယ်လုံးရိုက်ခံထားရသလို ကိုက်ခဲနေသည်။

မျက်လုံးကိုဖြည်းညင်းစွာဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကျောက်သားတွေကာရံထားတဲ့ဂူထဲရောက်နေသည် ။ လူရိုင်းတွေ လက်ထဲကမြင်းနဲ့ပတ်ပြေးခဲ့ရတာမှတ်မိတယ် JeonJungKook နဲ့အတူတူမြင်းစီးခဲ့တာ.. မြင်းမှာတပ်ထားတဲ့ဘူးထဲကအရည်ခါးခါးတစ်ချို့ကိုသောက်တယ်
အဲ့ နောက်ဘာဖြစ်သွားလဲတော့မမှတ်ဘူး ။

သစ်ရွက်ခြောက်တွေ ပေါ်မှထပြီးဘေးဘက်ကိုကြည့်လိုက်တော့ အောက်ကခင်းထားသလိုသစ်ရွက်ပုံနှင့်တစ်ပုံစံထဲ

" ဂျောင်..ဂျောင်ကု! "

ထိတ်ခနဲပဲ လူမရှိတဲ့ သစ်ရွက်ခြောက်ပုံကြီးတွေ့ပြီး လူမရှိတော့အတော်လေး လန့်သွားသည် ။

" JeonJungKook! "

ဂူထဲသူကလွဲမရှိတော့ JungKook ကိုလူရိုင်းတွေဖမ်းခေါ်သွားသလား.. တောကောင်တွေများဆွဲသွားသလားဟု ချာချာလည်တွေးပြီး သစ်ရွက်ခြောက်တွေပေါ်က ခဲရာခဲဆစ်ထကာဂူပတ်ချာလည်ပြေးပြီး တစ်ကြော်ကြော်
JeonJungKook ချင်းထပ်အောင်အော်ခေါ်နေတော့သည်။

" JeonJungKook " ဟုအော်သံက ဂူနံရံတွေနဲ့ပဲ့တင်ထပ်ပြီးဟိန်းထွက်နေသည်။ ဂူပေါက်ဝက အစာစားနေတဲ့မြင်းပင်လန့်နေရှာ၏

မင်းကိုသောက်ရမ်းမက်မောနေတဲ့ရင်ဘတ်ထဲကအလိုက်ကန်းဆိုးမသိနှလုံးသားကမင်းမှမင်းဖြစ်နေတာ တစ်ကြိမ်တစ်ခါလောက်
ငါ့ နှလုံးသားကိုသနားပေးပါ
မပျောက်ကွယ်သွားပါနဲ့JeonJungKook ။

SeokJin ဂူအတွင်းပတ်ချာလည်နှံ့အောင်ရှာပြီးမှ ဂူပေါက်ဝမှအပြင်ဘက်စီပြေးထွက်သွားသည် ။ လူရိုင်းရွာမှမ,လာတဲ့မြင်းကတော့ ဆံပင်စုတ်ဖွားနဲ့ အိမ်ရှေ့စံကိုလှောင်ပြောင်သလိုကြည့်နေလေ၏။

SeokJin ဘာမှမစဉ်းစားမိဘူး သူ့ဉီးနှောက်ရော ရင်ဘတ်ရော က JeonJunKook ကိုလိုက်ရှာဖို့ပဲ လှုံ့ဆော်သည် ။ လင်းထင်းနေတဲ့မနက်ခင်း သွေးပျက်နေတဲ့အိမ်ရှေ့စံက အလူးအလဲ သရုပ်ပျက်နေတာ မြင်လို့တော့ မကောင်းဘူး ။ လမ်းမှာတွေ့တဲ့ တုတ်ချောင်းကြီးကြီးကို မ,ပြီးသောင်ပြင်ဘက် JungKook ကိုထွက်ရှာဖို့ပြေးသွားရှာသည် ။

Bad Romance (Completed)Where stories live. Discover now