3 months later
" JungKook မရှိတော့ဘူး! ! "
Jhope ရဲ့အော်သံကြောင့်မနက်ခင်းစောစော သဘော်ပေါ်မှလူများပြာယာခတ်ကုန်တော့သည်။
ရိက္ခာများနဲ့လိုအပ်တာများအတွက် india မှာ ကမ်းကပ်ခဲ့တဲ့အချိန်အထိJeomသူ့အခန်းထဲမှာရှိခဲ့သည် ။အခန်းထဲကအခန်းပြင်မထွက်တော့တဲ့Jeonကသူ့ကိုလိုက်မလားသွားခေါ်လဲဘာစကားမှပြန်မပြောဘဲတိတ်ဆိတ်နေတတ်တော့မခေါ်ဘဲသူတို့သာ လိုအပ်သည်များဝယ်ဖို့ ဝင်သွားခဲ့တာ ညနေစောင်းအချိန်မှ india မှထွက်ခွာခဲ့သည် ။
ပြန်ရောက်တာနဲ့ Jhope ကညစာချက်ပြီးသွားပို့ခဲ့ပေမယ့် Jeonကိုမတွေ့ခဲ့ဘူး အဲ့အချိန်တုန်းက Jhopeစိတ်ထဲမထားဘဲညစာထားခဲ့ပြီးကောင်းကောင်းစားဖို့မှာကာပြန်လာခဲ့တယ် ။ အိမ်ရှေ့စံလေးမရှိတော့ထဲက အခန်းထောင့်မှာကပ်မနေရင် ကုတင်အောက်ဝင်ပြီးငြိမ်နေတတ်တဲ့ Jeonကြောင့် ကုတင်အောက်မှာဘဲဟုအောင်းမေ့ပြီး Jhope မရှာခဲ့တာအခု မနက်စားသွားပို့မှ ညတုန်းကညစာတွေကသူထားခဲ့တဲ့အတိုင်းဘဲမို့ Jeon ကိုသဘော်အနှံ့ရှာကြည့်ပေ
မယ့်ရှိမနေတော့ ပါ ။အားလုံး Jeon ထွက်ပြေးသွားတာကိုရိပ်မိပြီး
ဘယ်ထွက်ပြေးသွားတာလဲဟု စဉ်းစားနေရင်း ငါးယောက်လုံး ရဲ့ပြိုင်တူထွက်လာမိတဲ့
အဖြေက" တော်ဝင်ဆိပ်ကမ်း ! "
Jeonတော်ဝင်ဆိပ်ကမ်းစီမရောက်ခင် သူတို့Jeonကို ခေါ်နိုင်ဖို့ NamJoon သဘော်ဉီးကိုပြန်လှည့်ခဲ့သည် ။
~
အကိုတွေအကုန်ထွက်သွားတာနဲ့ အခန်းထဲမှထွက်ခွာလာခဲ့တယ်။ သဘော်ပေါ်ကနေ မြင်နေတဲ့ မြို့ကြီးကိုကြည့်ရင်း ပင်လယ်ပြာလေး နဲ့အတူတူ India မြေပေါ်ခြေချခဲ့ဖူးစဉ်က အကြောင်းအရာများခေါင်းထဲတရိပ်ရိပ်ပေါ်လာပြန်တော့ မျက်ရည်ဝဲရပြန်တယ် ။
အိမ်ရှေ့စံလေးလက်ကိုဆွဲပြီး ဉစ္စာခြောက်ခဲ့စဉ်အခါကအမှတ်တရများက သူ့ ကိုအတော်တွန်းအားပေးခဲ့ပုံရတယ်။ ဆိုင်းတွမနေတော့ဘဲ သဘော်ပေါ်မှပြေးဆင်းပြီးကုန်သည်သဘော်များစုဝေးနေတဲ့စီပြေးသွားခဲ့သည်။ တော်ဝင်ဆိပ်ကမ်း ရောက်မယ်ဟုအော်နေတဲ့သဘော်ပေါ်ကလူကြောင့် Jeon လိုက်သွားခဲ့သည်။
YOU ARE READING
Bad Romance (Completed)
Fanfictionမင်းရဲ့အရာရာတိုင်းကို ပျက်စီးအောင်ဖျက်စီးရပါစေ..